All for Joomla All for Webmasters
(၁၀၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) နှင့်ပါတ်သတ်သော ဗဟိုကော်မတီအစည်းအဝေး
ပြည်ပအလုပ်အကိုင်အေဂျင်စီထံမှ ၀န်ဆောင်ခ(၂၆)သိန်းကို ပြန်လည်ရရှိရေးအတွက် CTUM မှ ကူညီပေးခဲ့
January 11, 2017
CTUMအဖွဲ့ဝင်(၄၅)ဦးသည် ကျွမ်းကျင်လုပ်သားများ အဖြစ်အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိ
January 14, 2017

(၁၀၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) နှင့်ပါတ်သတ်သော ဗဟိုကော်မတီအစည်းအဝေး

(၁၀၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ (ILC) နှင့်ပါတ်သတ်သော ဗဟိုကော်မတီအစည်းအဝေး
(၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ၊ (၁၄)ရက်နေ့၊ CTUM တာမွေရုံး)

နှစ်စဉ် ဇွန်လတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ ညီလာခံ (ILC)ကို ဆွီဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၈၇)နိုင်ငံမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားပြုကာ ကိုယ်စားလှယ်များက တတ်ရောက်ဆွေးနွေးကြသည်။

ထိုILC တွင် တတ်ရောက်မည့်ကိုယ်စားလှယ်များရွေးချယ်ရာတွင် သတ်မှတ်ထားသည့်စံနှုန်းများ ပြည့်မီနိုင်ရန်၊ ITUCမှ နှစ်စဉ် မတ်လတွင် ကျင်းပသော ILCအတွက် လုပ်ငန်းကြိုတင်ညှိနှိုင်းခြင်းအစည်းအဝေး(Pre-ILC Meeting)တွင် ဆွေးနွေးသည့်အကြောင်းအရာများ ညှိနှိုင်းတင်ပြခြင်း၊ ကဏ္ဍအလိုက်အဖွဲ့ချုပ်များမှခေါင်းဆောင်များသည် မိမိတို့ကဏ္ဍအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ILCသို့ တက်ရောက်ရန် အကြောင်းကြားခြင်းနှင့် လိုအပ်ချက်များ၊ သတ်မှတ်ချက်များကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် CTUM ဗဟိုအလုပ်အမှုဆောင်များ၊ ကဏ္ဍအလိုက်အဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များစသည့်ဖြင့် စုစုပေါင်း (၂၉)ဦး တတ်ရောက်ဆွေးနွေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *