All for Joomla All for Webmasters
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မှ ILC တွင် ပြောကြားသည့် မိန့်ခွန်း(English ဘာသာအတွက် အသံဖိုင် နှင့် MM Version ကို CTUM မှ ဘာသာပြန်သည်။)
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ ILC တွင် ပြောကြားသည့် မိန့်ခွန်း ( မြန်မာဘာသာဖြင့်)
June 20, 2019
မြန်မာနိုင်ငံကိုယ်စားပြု အလုပ်ရှင် ကိုယ်စားလှယ်အဖြစ်ဒေါ်ခိုင်ခိုင်နွယ် (UMFCCI) ပြောကြားသည့် မိန့်ခွန်း
September 3, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မှ ILC တွင် ပြောကြားသည့် မိန့်ခွန်း(English ဘာသာအတွက် အသံဖိုင် နှင့် MM Version ကို CTUM မှ ဘာသာပြန်သည်။)

မြန်မာနိုင်ငံကိုယ်စားပြု အစိုးရကိုယ်စားလှယ် အလုပ်သမားလူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မှ ILC တွင် ပြောကြားသည့် မိန့်ခွန်း (အောက်ဖော်ပြပါ English ဘာသာအတွက် အသံဖိုင် နှင့် MM Version ကို CTUM မှ ဘာသာပြန်သည်။) 18 June 2019
Unofficial Translation by CTUM

လေးစားရပါသော သဘာပတိ နှင့်တကွ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက်ရောက် လာကြသူများ အားလုံးခင်ဗျား၊
ကျွန်တော့်အနေဖြင့် အခုလိုမျိုး ညီလာခံမှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့အတွက်လည်း အထူးဂုဏ်ယူရပါတယ်။ ဒီညီလာခံဟာဆိုရင်ဖြင့် ကျွန်တော်တို့ ILO ရဲ့ နှစ်တစ်ရာပြည့် သမိုင်းဝင် အခမ်းအနားပဲဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်းမှာ ILO ၏ ကြိုးပမ်းဆောင်ရွက်ချက်ကြောင့် ရရှိလာတဲ့ အောင်မြင်တွေအတွက် အားလုံးကို ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ ILO ဟာဆိုရင်ဖြင့် တစ်ခုတည်းသော
သုံးပွင့်ဆိုင် အဖွဲ့အစည်း အဖြစ် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုံစံမျိုးစုံ၊ ကဏ္ဍပေါင်းစုံမှ အားလုံးလွှမ်းခြုံသည့် ဆောင်ရွက်ချက်များနှင့်အတူ စံနမူနာကောင်းတစ်ခုအဖြစ် စနစ်တကျ ရပ်တည်နေခဲ့တာသည် ရာစုနှစ် တစ်ခုတိုင်ရှိခဲ့ပါပြီ။
ILO ၏ အဓိရည်မှန်းချက်နှင့် လုပ်ပိုင်ခွင့်တာဝန်ဖြစ်သည့် လူမှုရေး တရားမျှတမှု နှင့် အားလုံး အတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ရရှိရေး သည် ယနေ့ အချိန်အခါထိ ကိုက်ညီနေဆဲဖြစ်ပြီ လိုအပ်နေဆဲဖြစ်ပါသည်။ ဤကိစ္စနှင့်ပါတ်သက်၍ လူမှုရေး တရားမျှတမှု နှင့် အားလုံးအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးတို့အတွက် ILO ကို စတင်တည်ထောင်ခဲ့သူများ၊ ညွှန်ကြားရေးမှူးချုပ် အဆက်ဆက် နှင့် လက်ရှိ တာဝန်ယူနေဆဲဖြစ်သည့် ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder နှင့် အစိုးရ ကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၏ ၄င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍများအတွက် အသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါသည်။
“ ပိုမိုတောက် ပသောအနာဂါတ်အတွက် အလုပ်အကိုင် – Work for a brighter future” ဟု အမည်ရသော လူသားဗဟိုပြု အစီရင်ခံစာ ကို ILO ၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ပြန်နိုင်စေရန် စိတ်နှစ်ပြီး ဆောင်ရွက်ခဲ့သည့် စိတ်နှစ်ပြီး လုပ်ဆောင်ခဲ့သည့် ILO ၏ ကမ္ဘာလုံးဆိုင်ရာ ကော်မရှင် ကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ ဤအစီရင်ခံစာသည် တရားမျှတသော၊ တန်းတူညီမျှသော အနာဂါတ်အလုပ်အကိုင် အတွက် တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ တာဝန်ယူမှု ကို တိုက်တွန်းတောင်း ဆိုထားသည့် ILO ၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ် အစီရင်ခံစာတစ်ခုသာမက ILO ၏ သမိုင်းမှတ်တိုင် တစ်ခု လည်းဖြစ်ပါသည်။

လေးစားရပါသော သဘာပတိခင်ဗျား

မြန်မာနိုင်ငံအနေဖြင့် အလုပ်သမားများအပါအ၀င် ပြည်သူလူထုအားလုံးအတွက် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုး တက်ဖို့ရာအတွက် အလေးထား ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် ILO ၏ “အနာဂါတ်အလုပ်အကိုင်” ပန်းတိုင် အရောက်လှမ်းနိုင်ရေးအတွက် အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု အားကောင်းစေရေးအတွက်လည်း ဆောင်ရွက်လျှက်ရှိပါသည်။

ဥပဒေအားလုံး၊ နည်းဥပဒေအားလုံး သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်း နှင့်အညီ ဖြစ်စေရန်၊ အစိုးရ-အလုပ်ရှင်-အလုပ်သမား တွေ့ဆုံဆွေးနွေးမှု ရှိစေရန်၊ မူပေါ်အခြေခံသည့် ခိုင်မာအားကောင်းသည့် အလုပ်သမားဥပဒေမူဘောင် ချမှတ်နိုင်ရန်၊ ဥပဒေများ လိုက်နာကျင့်သုံးနိုင်ရန် ၊ ခိုင်မာအားကောင်းသော အလုပ်ရှင်-အလုပ်သမားဆက်ဆံရေး နှင့် အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံရာတွင် အဓိပ္ပါယ်ရှိသည့် ပါဝင်ဆောင်ရွက်မှုဖြစ်စေရန် အတွက် အစိုးရ-အလုပ်ရှင်-အလုပ်သမားများ ကြား ယုံကြည်မှု ပိုမိုတည်ဆောက်ရန် နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် မြန်မာလုပ်သားဈေးကွက် စီမံခန့်ခွဲအုပ်ချုပ်မှု အစီအစဉ်- Myanmar Labour Market Governange Progam ကို ရေးဆွဲနေပြီဖြစ်ပါသည်။

အလုပ်သမားအခွင့်အရေး ကာကွယ်ပေးရာတွင် အာမခံချက်ရှီစေရန် လက်ရှိတည်ဆဲဥပဒေများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။ အလုပ်ရှင် နှင့် အလုပ်သမားကြား ကောင်းမွန်သော ဆက်ဆံရေး ရှိစေရန်၊ လုပ်သားများကြားယှဉ်ပြိုင်စွမ်းအား တိုးတက်စေရန် ၊ အလုပ်သမား နှင့် ၄င်းတို့၏ မိသားစုများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဖြင့် အနည်းဆုံးအခကြေးငွေကိုလည်း ဒုတိယအကြိမ် တိုးမြှင့်သတ်မှတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အလုပ်သမားများအတွက် ဘေးကင်းလုံခြုံစိတ်ချရသော လုပ်ငန်းပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးအတွက် ရွှေ့ပြောင်းအလုပ်သများအား စီမံခန့်ခွဲအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်လည်း ၂၀၁၈-၂၀၂၂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲမှု ၅ နှစ်တာ အမျိုးသားစီမံကိန်းတစ်ခုကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ မတ်လ တွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး ဥပဒေကို လည်း အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။

လုပ်သားများ၏လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်များအတွက် ၊ နည်းပညာပြောင်းလဲမှုများကို အမှီလိုက်နိုင်ရန် အတွက် အမျိုးသားအဆင့် အရည်အသွေးမူဘောင်ကို အပြီး သတ်ရေးဆွဲနေပြီး NSSA မှ တဆင့် လုပ်သားများ၏ ကျွမ်းကျင်မှုကိုလည်း မြှင့်တင်ပေးလျှက်ရှိပါသည်။

သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ် (၂၀၁၈-၂၀၂၁) ကိုလည်း အစိုးရ၊ အလုပ်ရှင်၊ လုပ်သမား သုံးပွင့်ဆိုင် နှင့် ILO ကြား နားလည်မှုစာချွန်လွှာကိုလည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ပါတယ်။ ဤနေရာမှာ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ရရှိရေးအတွက် တွေ့ကြုံရမယ့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်တယ် လို့လည်း ပြောကြားလိုပါတယ်။ ဤနေရာမှာ ILO ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးပေးမှုများကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ကလေးအလုပ်သမား ပပျောက်ရေးအတွက် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ရန် ကျွန်တော်တို့ အနေဖြင့် သံန္နိဋ္ဌာန် ချမှတ်ထားပြီးဖြစ်၍ ILO ၏ အဓိက ပြဋ္ဌာန်းချက် တစ်ခုဖြစ်သည့် အနိမ်ဆုံးအလုပ်လုပ်နိုင်သည့် အသက် အရွယ် ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကိုလည်း မြန်မာနိုင်ငံအနေဖြင့် အတည်ပြု လက်မှတ်ရေး ထိုးရန် လုပ်ဆောင်လျှက်ရှိကြောင်း ၀မ်းမြောက်ဝမ်းသာ ပြောကြားလိုပါတယ်။

နိဂုံးချုပ်အားဖြင့်
လေးစားရပါသော သဘာပတိခင်ဗျား

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အရပ်သားအစိုးရသည် အာဏာရှင်စနစ်မှ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုသို့ အသွင်ကူးပြောင်းလျှက်ရှိပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အခြေတည်စ အချိန်တွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်လျှက်ရှိပါသည်။ သို့သော်လည်း မိမိတို့အနေဖြင့် ဓမ္မလုပ်အား ခိုင်းစေမှု ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များအပါအ၀င် ယင်းစိန်ခေါ်မှုများကို ကျော်လွှားရန်လည်း ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ ကမ္ဘာ့လုပ်သားထုအတွက် ပိုမိုကောင်းမွန်သော အနာဂါတ် အလုပ်အကိုင် အစီအစဉ်ဖြစ်ပေါ်စေရန် နှင့် ILO ၏ လုပ်ငန်းဆောင်တာများတွင် ILO ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံသည် ILO နှင့် ၊ ILO ၏ အဖွဲ့ဝင်နိုင်ငံများ နှင့် ILO ၏ အလုပ်များကို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ကျေးဇူးအထူးတင်ပါတယ်။

Mr. President, Distinguished guests, Ladies and Gentlemen,
It is a great honor for me to address the conference. This is a historic occasion of the centenary of the ILO. I congratulate you all for the success that the ILO achieved last hundred years. The ILO, with the existence of one century, the unique tripartite organization, is maintaining the parallelistic of systematic functioning in exemplary manner, universal overarching ability and multi-sectorial involvement, in order to bring about the sustainable development. Its mission and mandate is promoting social justice and decent work for all remains relevant and necessary. In this regard, I would like to express our sincere appreciation to the founders of the ILO, former director generals, and current director general, Mr Guy Ryder and representatives of governments, employers and workers for their respective conduit role in this related area. We would like to express our appreciation to the Global Commission of the ILO for its heart and excellent work with resulted in human-centred report, namely “Work for a brighter future”. It’s not only a milestone but also a centenary report calling for everyone to take responsibilities for building a just and equitable future of work.

Mr. President,
Myanmar set priorities to further improve the social economic life of its people including workers and to further enhance the culture of tripartite dialogue to be in line with the goal of “Future of Work”. The Myanmar Labour Market Governance Program is being developed with the aim to have all laws and by laws are in line with relevant international labour standards, to have social dialogue, principle-based cohesive labour law framework, to further promote compliance with the laws, to further strengthen capacity and promote confidence among the tripartite constituents, enabling them to meaningful participation in social dialogue on labour law reform and sound industrial relations. We are also enforcing the existing laws to ensuring protection of the labour rights. Minimum Wage for the workers are successfully set to raise second time through social dialogue in order to have good industrial relation, to increase worker’s competitiveness and to fulfill the needs of the workers and their families. We have been implementing 5-years national action plan for the Management of International Labour Migration 2018-2022 to improve the government and in administration of the labour migration to promote safe and secured working environment for workers. Occupational and Safety Health Law was enacted in March, 2019. We have been upgrading skill of workers through the NSSA-National Skill Standards Authority and also finalizing Myanmar National Qualifications Framework in order to keep abreast with a rapid changes in technology and requirement for jobs and skills. Memorandum of Understanding (MoU) on Myanmar Decent Work Country Program (2018-2021) was signed among the representatives of government, employers, workers and the ILO, in September 2018. By doing this we have expressed our readiness to address the decent work challenges in the country. Taking this opportunity, I wish to thank to the ILO for cooperation and assistance to signal our further commitment for effective abolition of child labour. I am pleased to announce that Myanmar is in the process of ratifying the ILO’s Minimum Age Convention C.138, one of the ILO’s core conventions.

In Conclusion,
Mr. President,
The current democratically elected civilian government has been transforming the country from the authoritarian to a democratic federal union. Myanmar has a nascent democracy and it is facing a thousand challenges. However, we are resolute to overcome such challenges including our efforts in elimination of forced labour. Mynamar, as a member of the ILO will continue its cooperation with the ILO and other members to the work of the ILO and to implement the Future of Work for the welfare of our global workforce.

Thank you very much.

Leave a Reply

Your email address will not be published. Required fields are marked *