၂၀၁၈ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ၁၀၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား ကို CTUM အမျိုးသမီးကော်မတီမှ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ သာသနာ့မကုဠအတုလ ဗိမာန်တော်ကြီးတွင် အလုပ်သမားညီအကိုမောင်နှမများနှင့် ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင်
၁) CTUM အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း။
၂) မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုဥက္ကဋ္ဌ ဦးသက်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း။
၃) မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခြင်း
၎) လူမှုဖူလုံရေးနှင့် ပါတ်သက်သည့် အသိပညာများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ ညွန်ကြားရေးမှူး ဒေါ်သန်းသန်းနုမှ ဟောပြောခြင်း။
၅) အမျိုးသမီးများ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အခြေခံဥပဒေများအား Care Myanmar မှ တာဝန်ခံတစ်ဦးမှ ဟောပြောခြင်း။