All for Joomla All for Webmasters
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း၊ အစိုးရအသစ်ကို ကြိုဆိုထောက်ခံကြောင်းနှင့် အာဏာသိမ်းနောက်ကြောင်းပြန်သည့် မည်သည့်အခြေအနေမျိုးကိုမဆို ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း ထုတ်ပြန်ကြေညာချက်
နေရပ်ပြန်အလုပ်သမားကို ကူညီထောက်ပံ့ခြင်း (30/5/2020ရက်နေ့၊ မကွေးတိုင်း၊ ပခုက္ကူမြို့)
May 30, 2020
CTUM Myanmar
CTUM’s welcomes the upcoming new government, recognizes the outcome of the 2020 Multi-Party Democracy General Election and opposes any kind of action or attempt to impede Myanmar’s democratic transition
January 29, 2021

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း၊ အစိုးရအသစ်ကို ကြိုဆိုထောက်ခံကြောင်းနှင့် အာဏာသိမ်းနောက်ကြောင်းပြန်သည့် မည်သည့်အခြေအနေမျိုးကိုမဆို ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း ထုတ်ပြန်ကြေညာချက်

CTUM Myanmar

Confederation of Trade Unions, Myanmar.

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း၊ အစိုးရအသစ်ကို ကြိုဆိုထောက်ခံကြောင်းနှင့် အာဏာသိမ်းနောက်ကြောင်းပြန်သည့် မည်သည့်အခြေအနေမျိုးကိုမဆို ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၏ ရလာဒ်ကို အသိအမှတ်ပြုပါသည်။

ရွေးကောက်ပွဲရလာဒ်ဖြင့် ဖွဲ့စည်းမည့် အစိုးရသစ်ကိုလည်း ထောက်ခံကြိုဆိုပါသည်။

ပြည်သူလူထုအများစု၏ ဆန္ဒဖြစ်ပါသောကြောင့် အာဏာသိမ်း နောက်ကြောင်းပြန်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အနေဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လာခဲ့ သည်မှာ (၁၀) စုနှစ်တစ်ခု တိုင်ခဲ့ပြီ ဖြစ်ပါသည်။

CTUM အနေဖြင့် မြန်မာ့ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးတွင် မိမိတို့၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ၊ အရင်းအမြစ်ရှိသမျှ အားကုန်ထုတ်၍ လိုက်ပါပြောင်းလဲ ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပင်မ ဥပဒေ) အရ ခွင့်ပြုပေးသော လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် အခွင့်အရေးကိုလည်း ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ ၂၀၁၂ အလုပ်သမား အဖွဲ့အစည်းနည်းဥပဒေများနှင့်အညီ အလုပ်သမားအဖွဲ့အစည်းများကို အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်၍ ကျင့်သုံးပါသည်။ အလုပ်သမားအဖွဲ့အစည်းများကြား ဒီမိုကရေစီကျင့်စဉ် ရှင်သန်စေရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ ကြိုးပမ်းဆောင်ရွက်နေဆဲလည်းဖြစ်ပါသည်။

တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်အေးချမ်းသော လုပ်ငန်းခွင်နှင့် ခိုင်မာအားကောင်းသော အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေး ဖြစ်ပေါ်လာစေရန်၊ အနှစ်သာရ ပြည့်ဝပြီး စစ်မှန်သော အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ထွက်လာစေရန်၊ အလုပ်သမားများကြား ဆန္ဒပြခြင်း၊ သပိတ်မှောက်တောင်းဆိုခြင်း ယဉ်ကျေးမှုမှ မိတ်ဖက်ကောင်းအဖြစ် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်ကိုလည်း ကြိုးစား ဆောင်ရွက်နေပါသည်။

မိမိတို့ နိုင်ငံအနေဖြင့် နှစ်ကာလများစွာ ဆင်းရဲတွင်းကျရောက်ခဲ့သည့် အနေအထားမှ ပြန်လည် ရုန်းထွက်ရန် ကြိုးစားနေရသည့်အချိန် ဖြစ်ပါသည်။ ထိုသို့ ကြိုးစားနေသည့်အချိန်မှာပင် ကမ္ဘာ့ကပ် ရောဂါ ဖြစ်ပွားမှုနှင့် ၎င်း၏ နောက်ဆက်တွဲ ဂယက်ဆိုးကျိုးများကို ရင်ဆိုင်ခံစားနေရသည့် အချိန်အခါ ဖြစ်ပါသည်။

ဤကဲ့သို့သော အခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖယ်၍ နောက်ကြောင်းပြန်လှည့်သည့် အခြေအနေမျိုးကို ဖြစ်၍ မရပါ။  မလိုလားအပ်သော အကြမ်းဖက်မှုများ ကို ရှောင်ရှားပြီး ဒီမိုကရေစီနည်းလမ်းများအရ ‌ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်း မှုတွင် စံနမူနာဖြစ်စေရေး အလေးထားဆောင်ရွက်ကြပါရန် CTUM အနေဖြင့် အလေးအနက် တိုက်တွန်း အပ်ပါသည်။

ယခုအချိန်တွင် ရွေးကောက်ပွဲရလဒ်နှင့်အတူ ဖွဲ့စည်းမည့် အစိုးရသစ်နှင့်အတူ မိမိတို့ နိုင်ငံသူ၊ နိုင်ငံသား အားလုံးသည် သွေးစည်းညီညွတ်စွာဖြင့် ရင်ဆိုင်ဖြတ်ကျော်ရမည့် အချိန်အခါ ဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် ရွေးကောက်ပွဲရလဒ်နှင့်အတူ ဖွဲ့စည်းမည့် အစိုးရသစ်ကို ထောက်ခံကြိုဆို ပါကြောင်းနှင့် အာဏာသိမ်း နောက်ကြောင်းပြန်သည့် မည်သည့် အခြေအနေမျိုးကိုမဆို ဆန့်ကျင် ကြောင်း၊ လက်မခံပါကြောင်း၊ အစိုးရသစ်နှင့်အတူ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းကို ထုတ်ပြန် ကြေညာအပ်ပါသည်။

ဆက်သွယ်ရန်

ဦးမောင်မောင်

ဥက္ကဋ္ဌ

ဖုန်း                 – ၀၉ ၄၂၂ ၃၈၀ ၃၄၆

Leave a Reply

Your email address will not be published. Required fields are marked *