All for Joomla All for Webmasters
(၉) ကြိမ်မြောက် လူငယ်ခေါင်းဆောင်မှုသင်တန်းပြုလုပ် စက်တင်ဘာ ၁၅
ရှေးဦးသူနာပြုသင်​တန်းကို တက်​​ရောက်​ခြင်းနှင့်​ အသိပညာများကို မျှ​ဝေလိုက်​ပါတယ်​.
November 23, 2018
ကိုးရီးယား အလုပ်သမားကူညီရေးအဖွဲ့ မှ မြန်မာနိင်ငံလုံးဆိုင်ရာအလုပ်မားသမဂ္ဂမများအဖွဲ့ သို့ လှူ ဒါန်းမည့် အရေးပေါ်သူနာပြုယာဉ်။ လှိုင်သာယာ စက်မှုဇုံတွင် ထားရှိပါမည်။ အရေးပေါ် သူနာပြု First Responder သင်တန်းသို့ ၂၆ ဦးပို့ထား ပါသည်။
November 23, 2018

(၉) ကြိမ်မြောက် လူငယ်ခေါင်းဆောင်မှုသင်တန်းပြုလုပ် စက်တင်ဘာ ၁၅

(၉) ကြိမ်မြောက်
လူငယ်ခေါင်းဆောင်မှုသင်တန်းပြုလုပ်
စက်တင်ဘာ ၁၅

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လူငယ်ကော်မတီ၏ (၉) ကြိမ်မြောက်
လူငယ်ခေါင်းဆောင်မှုသင်တန်းကို မိတ်ဖက် ဂျာမဏီဖောင်ဒေးရှင်းဖြစ်သော( FRIEDRICH EBERT STIFTUNG – FES) မြန်မာနိုင်ငံရုံး၏ ပံ့ပိုးကူညီမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွှေကမ္ဘာဟိုတယ်၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅-၁၇) ရက်နေ့များတွင် ကျင်းပပြုလုပ်လျှက်ရှိသည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ အဖွဲ့ဝင်ဖြစ်သော ကဏ္ဍအလိုက်အဖွဲ့ချုပ်များမှ သင်တန်းသား (၁၄) ဦး၊ သင်တန်းသူ (၁၁) ဦး စုစုပေါင်း (၂၅) ဦးတက်ရောက်ကြသည်။ သင်တန်းဖွင့်ပွဲကို FES-Myanmarရုံးမှ ဌာနေညွှန်ကြားရေးမှူး Bro. Alexey Yususop၊ ပရိုဂရမ် မန်နေဂျာ Bro. Moonlight တို့မှ တက်ရောက်၍ အပြန်အလှန် မိတ်ဆက်စကားပြောကြားခြင်းဖြင့် စတင်ခဲ့သည်။ ထို့ပြင် ဓာတ်ပုံမှတ်တမ်းရိုက်ကူးသူ Sis. Theresa Besq မှလည်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း နှင့် တက်ရောက်လာသည့် သင်တန်းသူ/သားများကို သမဂ္ဂအတွေ့အကြုံနှင့်စပ်လျဉ်းသည့် မေးခွန်းများမေးမြန်း မှတ်တမ်းတင်ခြင်းကို အားဖြည့်ဆောင်ရွက်ပေးခဲ့သည်။

Photos credit to Bro. Aung Myo Zaw
https://m.facebook.com/story.php?story_fbid=1674694059325789&id=100003556328610

Leave a Reply

Your email address will not be published. Required fields are marked *