All for Joomla All for Webmasters
ရှေးဦးသူနာပြုသင်​တန်းကို တက်​​ရောက်​ခြင်းနှင့်​ အသိပညာများကို မျှ​ဝေလိုက်​ပါတယ်​.
Report on the meeting with Ministry of Labour on CAS conclusion (15-9-2018)
November 23, 2018
(၉) ကြိမ်မြောက် လူငယ်ခေါင်းဆောင်မှုသင်တန်းပြုလုပ် စက်တင်ဘာ ၁၅
November 23, 2018

ရှေးဦးသူနာပြုသင်​တန်းကို တက်​​ရောက်​ခြင်းနှင့်​ အသိပညာများကို မျှ​ဝေလိုက်​ပါတယ်​.

အရေးပေါ်အသက်ကယ်နည်း (CPR)
မိမိအရေးပေါ်ကယ်တင်မည့်သူမှာ မည့်သည့်ကိစ္စကြောင့် နှလုံးရပ်သွားခြင်း/ သတိမေ့သွားခြင်းဖြစ်စေကာမူ ဆင်ခြင်သုံးသပ်ခြင်းမပြုလုပ်ဘဲ ကယ်တင်ရမည်ဖြစ်ပါသည်။ အရေးကြီးသည်မှာ အရေးပေါ်အသက်ကယ် သင်တန်းဆင်းလက်မှတ်ရရှိထားပြီးသူဖြစ်ရပါမည်။
အရေးပေါ်အသက်ကယ်တော့မည်ဆိုပါက အချိန်အားဖြင့် ၁၀ စက္ကန့်အတွင်း စတင်၍ အမြန်ဆုံး ပြုလုပ်နိုင်ရ မည်ဖြစ်ပါသည်။
အရေးပေါ် ကယ်တင်ခြင်း(ရေနစ်နေသူမှ လွဲ၍)စတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနေဖြင့်
၁။ လူနာ၏ ပါတ်ဝန်းကျင်အနေအထား အန္တရာကယ်ရှင်းမှု ရှိ/ မရှိ စစ်ဆေးကြည့်ပါ။
၂။ လူနာ၏ ရင်ဘက်နှင့် ပါးစပ်များအား ဆောင်ရွက်နိုင်ရန်အတွက် ကယ်တင်မည့်သူမှ အလယ်တည့်တည့်တွင် ပေါင်ကားပြီး ဒူးထောက်ထိုင်ပါ။ ပြီးလျှင် လူနာ၏ ပုခုံးနှစ်ဖက်အား ညင်သာစွာ ပုတ်၍ လူနာအားခေါ်ကြည့်ပါ။
၃။ ထူးခြားမှုမရှိပါက ၁၉၉ သို့ဖုန်းခေါ်ရန် တစ်ခြားသူတစ်ဦးသို့ အကူအညီတောင်းပါ။
၎။ ပြီးလျှင် လူနာ၏ ဝမ်းဗိုက်အား ၅ စက္ကန့် စောင့်ကြည့်ပြီး ထူးခြားမှုမရှိပါက လူနာရင်ဘတ်ပေါ်ရှိ အဝတ်အစားများအား လွတ်ကင်းစွာ ဖယ်ရှားပြီးလျှင် ရင်ညွှန့်အလယ်တည့်တည့်(နို့သီးခေါင်းနှင့် တစ်တန်းထဲရှိသည့် နေရာပေါ်တွင် လက်ဖနောင့်နှစ်ခု ဆုတ်ကိုင်ထားသည့် အနေအထားဖြင့် လက်ကို ဆန့်တန်းပြီး ရင်ဘတ်အား လက်ဖနောင့်နှင့် ၁စက္ကန့်တွင် ၂ ကြိမ်နှုန်းဖိပါ။ အကြိမ် (၃၀) ဖိပါ။ ဖိသည့် အခါတွင် ခါးဖြင့် အားယူပါ။ ဖိသည့် အနေအထားတွင် ကယ်တင်သည့်လူ၏ ခန္ဒာကိုယ်မှ ထက်အောက်ရွှေ့လျှားမှုသာဖြစ်ရပါမည်။ ရှေ့နောက်ယိမ်းနေခြင်းမျိုးမရှိရပါ။ ဖိသည့် အနက်အနေဖြင့် ၅ မီလီမိတာမှ ၆ မီလီမီတာ(လက်သုံးသစ်) အနက်ဖိနှိပ်ရပါမည်။ ။ ပြီးလျှင် လူနာပါးစပ်ပေါ်တွင် သန့်ရှင်းသည့် အစပါးတစ်ခု အုပ်ပါ။ ပြီးလျှင် နဖူးအစပ် အား ဘယ်ဘက်လက်ဝါးဖြင့် နဖူးသို့လှန်ချ၍ မေးစေ့ အရိုးအား ညာဘက်လက်ညိုး၊ လက်ခလယ်ဖြင့် ကူညီမတင်၍ လူနာ နုတ်ခမ်းတစ်စုံလုံးကို ကယ်တင်သည့် လူ၏ ပါးစပ်အားလုံး ငုံးထားပြီး (၂) ကြိမ် လေမှုတ်သွင်းရပါမည်။ လေမှုတ်သွင်းသည့် အခါတွင် ပြင်းပြင်းထန်ထန်မမှုတ်ရပါ။ လေမှုတ်သည့် အခါတွင် လူနာ၏ ရင်ဘက်ကို ကြည့်နေရပါမည်။ ထပ်မံထူးခြားမှုမရှိသေးပါက အထက်ပါအတိုင်း ဆက်လက်လုပ်ဆောင်သွားရန်မှာ လူနာသတိမရသေးသ၍ (၁၀) ကြိမ်ပြုလုပ်နိုင်ပါသည်။
၅။ လူနာသတိယလာပြီဆိုပါက ပတ်လက်အနေအထားအတိုင်းမထားတော့ဘဲ လူနာဘေးတွင် ထိုင်၍ လူနာ၏ အခြားဘက်မှ လက်မောင်းအား ယူ၍ မိမိဘက်သို့ ဦးခေါင်းဘက်မှ ချထားပါစေ။ ပြီးလျှင် မိမိဘက်မှ လက် မောင်းအား ဦးခေါင်းဘက်သို့ လှန်ထားပါ။ ပြီးလျှင် အခြားဘက်မှ ဒူးခေါင်းအား ကယ်တင်သူဘက်သို့ ကွေးစေ သည့် အနေအထားပြင်ဆင်ပါ ပြီးလျှင် မိမိဘက်သို့ ဆွဲ၍ တစ်စောင်းအနေအထားထားပါ။ လူနာ သက်သာလာစေမည်ဖြစ်ပါသည်။
ရေနစ်ပြီး သတိမေ့နေသူဖြစ်ပါက ယခင်အစီအစဉ်များ မပြုလုပ်မီ နုတ်ခမ်းအား (၅) ကြိမ် လေမှုတ်သွင်းခြင်းကို စတင်လုပ်ကိုင် ရမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *