All for Joomla All for Webmasters
4th National Minimum Wage Committee Meeting (NMWC)
CTUM Women Committee Consultation Meeting
January 8, 2018
CTUM အမျိုးသမီးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းအစည်းအဝေး
January 22, 2018

4th National Minimum Wage Committee Meeting (NMWC)

4th National Minimum Wage Committee Meeting (NMWC) begins at 10:00 am. Today, the recommended wage will be decided by committee according to 2nd NMWC meeting decision.
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး နံနက် ၁၀ နာရီတွင် စပါမည်။ နှစ်ကြိမ်မြောက် အမျိုးသားကော်မတီ အစည်းအဝေးဆံုံးဖြတ်ချက်အရ ယနေ့တွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတစ်ရပ်အား ဆုံးဖြတ်ချက် ခမှေတ်ရမည် ဖြစ်ပါသည်။ အစည်းအဝေးပြီးဆုံးပါက ပြန်လည် တင်ပြပါမည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြခြင်း။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ကို ညနေ ၄း၃၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။
ဆုံးဖြတ်ချက်အနေဖြင့် အဆိုပြုနှုန်းထားအဖြစ် ၄၈၀၀ ကျပ်။ ၁၀ ဦးနဲ့ အထက် လုပ်ငန်းများ အကျုံးဝင်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။ အလုပ်ရှင်မှ မတတ်နိုင်ကြောင်း မှတ်တမ်းတင်ပေးဖို့ တောင်းဆိုခဲ့ ပါသည်။ CTUM အနေဖြင့် ဝန်ကြီးဌာနမှ နှုန်းထားကြေညာသည့်အခါတွင် ထည့်သွင်းကြေငြာပေးရန် အချက် ၂ ချက်ထပ်ပြီး တင်ပြခဲ့ပါသည်။ရက်ပေါင်း ၆၀ စောင့်ကြည့်ရမည်ဖြစ်ပါသည်။ ကန့်ကွက်လိုသူများ အမျိုးသားကော်မတီသို့ ကန့်ကွက်စာ ဖောင်ဖြည့်၍ ရက်ပေါင်း ၆၀ အတွင်း တင်ပြရမည်။ကန့်ကွက်မှုများ လက်ခံရရှိပါက ကော်မတီမှ တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ရက်ပေါင်း ၆၀ ပြည့်ပြီးပါက အတည်ပြုနှုန်းထားအဖြစ် ကြေညာသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *