All for Joomla All for Webmasters
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သောအဆိုပြု အနည်းဆုံးအခကြေးငွေ
January 2, 2018
4th National Minimum Wage Committee Meeting (NMWC)
January 22, 2018

CTUM Women Committee Consultation Meeting

CTUM အမျိုးသမီးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းအစည်းအဝေး
၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၀၇) ရက်
CTUM သွေးစည်းညီညွတ်ရေးသင်တန်းခန်းမ၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ အမျိုးသမီးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၀၇) ရက်နေ့တွင် CTUM သွေးစည်းညီညွတ်ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေး တွင် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ILO –ACTRAV မှ Ms. Tandiwe Gross အမျိုးသမီးများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ်ကို ရှင်းပြခြင်း၊ ၂၀၁၈ ခုနှစ်-၂၀၁၉ ခုနှစ် အတွင်း CTUM မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသမီး ရေးရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်းနှင့် အမျိုးသမီးကော်မတီဖွဲ့စည်းခြင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ပါဝင်တက်ရောက်သူများ
စုစုပေါင်း (၃၅) ဦး၊ ကျား (၂)၊ မ ( ၃၃)

အမျိုးသမီးကော်မတီအဖွဲ့ဝင်များ
၁) ဒေါ်ဆွေဆွေခိုင် – ဥက္ကဋ္ဌ (Yes -1 အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်း)
၂) ဒေါ်နန်းအေးမြမူ – ဒုဥက္ကဋ္ဌ (မြန်မာယန်စီကြေးနီသတ္တုတွင်း အခြေခံအလုပ်သမား အဖွဲ့အစည်း)
၃) ဒေါ်အေမီစိုး – အဖွဲ့ဝင် (JLPC သစ်ပါးလွှာနှင့် အထပ်သားစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)
၎) ဒေါ်တင်တင်ဦး – အဖွဲ့ဝင် (ဖြူစင်ကြယ်သတ္တုတွင်း အခြေခံအလုပ်သမားအဖွဲ့အစည်း)
၅) ဒေါ်နှင်းငွေ – အဖွဲ့ဝင် (ဆားမှော်ကျေးရွာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အခြေခံ အလုပ် သမား အဖွဲ့အစည်း)
၆) ဒေါ်စုစုလှိုင် – အဖွဲ့ဝင် (ကျားချောင်းကျေးရွာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အခြေခံ အလုပ်သမားအဖွဲ့အစည်း)
၇) ဒေါ်စိမ်းမို့မို့လှိုင် – အဖွဲ့ဝင် (New Way အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်း)
၈) ဒေါ်တင်မမကျော် – အဖွဲ့ဝင် (Alpine သောက်ရေသန့်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း)

အရံကော်မတီအဖွဲ့ဝင်များ
၁) ဒေါ်ကြူကြူခိုင် – တိုးတက်ရှိုင်းနင်းစတား သစ်အချောထည်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်း
၂) ဒေါ်သန်းသန်းအိ – JCB စက္ကူပုံးစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း
၃) ဒေါ်ဟန်နီဦး – Great Man အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း
၎) ဒေါ်အိအိချို – SUMEC (ရေနီ) အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း
၅) ဒေါ်သောသီဖိုင်း – ဖားပုတ်ကျေးရွာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အခြေခံအလုပ်သမား အဖွဲ့အစည်း
၆) ဒေါ်နန်းဇင်မာထွန်း – လိမ္မော်ခြံကျေးရွာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အခြေခံအလုပ်သမား အဖွဲ့အစည်း
၇)ဒေါ်နန်းချိုချိုဦး – စပါယ်တောင်နှင့်ကြေးစင်တောင်၊ ကြေးနီသတ္တု တွင်း အခြေခံအလုပ်သမား အဖွဲ့အစည်း
၈) ဒေါ်ဇွန်ပွင့်ဖြူ – စီနိုဟိုက်ဒရိုမြန်မာ မုံရွာလက်ပတောင်ကြေးနီ သတ္တုတွင်း အခြေခံအလုပ်သမား အဖွဲ့အစည်း
၉) ဒေါ်လှလှဌေး – ရွှေပြည်သာကုန်တင်ကုန်ချ အခြေခံအလုပ်သမားအဖွဲ့အစည်း
၁၀) ဒေါ်မော်မော်အောင် – ဒိုက်ဦးကုန်တင်ကုန်ချ အခြေခံအလုပ်သမားအဖွဲ့အစည်း
၁၁) ဒေါ်လှလှဖြိုး – ပညာရေးဝန်ဆောင်မှု အခြေခံအလုပ်သမားအဖွဲ့အစည်း

Leave a Reply

Your email address will not be published. Required fields are marked *