All for Joomla All for Webmasters
(AFFM) တတိယအကြိမ် ညီလာခံ သတင်းထုတ်ပြန်ချက်
AFFM ဗဟိုကော်မတီအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် (၁၅) ဦး၏ မှတ်တမ်းဓါတ်ပုံ
October 22, 2017
Gender/Equality Training for Mining Worker Federation of Myanmar
October 25, 2017

(AFFM) တတိယအကြိမ် ညီလာခံ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့်စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) တတိယအကြိမ် ညီလာခံ သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့။

၁။ အနာဂါတ်အလုပ်အကိုင်အစီအစဉ်တွင် အလိုအလျောက် စက်ပစ္စည်းကိရိယာများကို ကုန်စည်ထုတ်လုပ် မှု၊ ၀န်ဆောင်မှုများအတွက် ကျယ်ပြန့်စွာအသုံးပြုလာ ပြီဖြစ်ပါသည်။ မိမိတို့အသေးစား/ လုပ်ကွက်ငယ် လယ် သမားများ အနေဖြင့်လည်း ကုန်စည်စီးဆင်းမှု ကွင်းဆက်တစ်လျှောက်တွင် နည်းပညာ ကို အမှီလိုက်၍၊ အဖွဲ့ဝင် များကို လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ ထောက်ပံ့ပေးခြင်းဖြင့် ခေတ်မှီသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည်။

၂။ အဖွဲ့ဝင်များကြား၊ ဆက်သွယ်ရေးပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် centralized – ဗဟိုမှ တိုက်ရိုက်ဆက်သွယ်သည့်စနစ်မှ Decentralized -ပြည်နယ်/ တိုင်းဒေသကြီးမှ ဆက်သွယ် ဆောင်ရွက်သည့် စနစ်၊ မြို့နယ်အဖွဲ့အစည်းမှ ဆက်သွယ်ဆောင်ရွက်သည့် စနစ်များအားလုံးကို အချိုးညီ၊ ဟန်ချက်ညီစွာ ဆက်သွယ်ဆောင်ရွက်သွားမည်။

၃။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍများတွင်ရှိသော တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ သည် စက်ယန္တရာများ၊ ပိုးသတ်ဆေး၊ ဓါတုဆေးဝါးများကို ကိုင်တွယ်အသုံးပြုရသည့်အတွက် လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရှိခြင်း၊ မကျန်းမာခြင်း၊ ရောဂါများရရှိခြင်းများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင် ကြုံတွေ့ရလျှက်ရှိပါသည်။ သို့သော် ဤကဲ့သို့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ သိရှိနားလည်မှု အားနည်းသည့် အတွက်ကြောင့် အသိပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ကောင်းမွန်သောဘေးအန္တရယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ်များတည်ဆောက် ထားခြင်းဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင် ရွက်သွားမည်။ ဈေးကွက်အတွက် မိမိတို့ စိုက်ပျိုးထုတ်လုပ်ရောင်းချသော ထွက်ကုန်များသည်လည်း ဈေးကွက် အတွင်း စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးသည် အရေးကြီးသည်ဟုလက်ခံပါသည်။ ထို့ကြောင့် ဘေးအန္တရယ် ကင်းရှင်းသော ကုန်ထုတ်လုပ်မှုဖြစ်ရေးအတွက် အလေးပေးလုပ်ဆောင်သွားမည်။

၎။ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးစနစ်သည် formal sector စနစ်တကျ စုဖွဲ့ထားသော အလုပ်သမားများအတွက်သာ လွှမ်းခြုံမှုရှိပါသည်။ မိမိတို့ကဲ့သို့သော အသေးစား လယ်သမား၊ လုပ်ကွက်ငယ် လယ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးပင်စင်၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရရှိမှု အကျိုးခံစားခွင့်၊ လုပ်ငန်းခွင်သေဆုံးမှုအတွက် အစရှိသည့် အာမခံစနစ် များရရှိစေရန် လုပ်ဆောင်ဖို့ လိုအပ်ပါသည်။

ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေကြသည့် အသေးစား၊ လုပ်ကွက်ငယ် လယ် သမားများနှင့် စိုက်ပျိးရေးအလုပ်သမားများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေး လွှမ်းခြုံမှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

ရေရှည်တည့်တံ့ခိုင်မြဲသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်နှင့် အမျိုးသမီး အခန်းကဏ္ဍသည် အရေးကြီးပါသည်။ လူငယ်များနှင့် အမျိုးသမီးများကို ချန်လှပ်ထား၍ မရပါ။ လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို အမွေဆက်ခံမည့် လူငယ်များ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ပိုမိုစိတ်ပါ ၀င်စားလာစေရန် ဆောင်ရွက်ရမည်။ လူငယ်များ၏အတွေး၊ အမြင်သစ်များကိုဖိတ်ခေါ်၍ လူငယ်များကို ပါဝင် ဆောင်ရွက်စေမည်။

လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုင်ရာကိစ္စရပ်များ၊ နည်းပညာရယူခွင့် ဆိုင်ရာကိစ္စရပ်များတွင် ခွဲခြားဆက်ဆံ ခံရမှုများရှိပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အမျိုးသမီးထု၏လုပ်အားသည် ပိုမိုပါဝင် လာလျှက်ရှိပြီးဖြစ်ရာ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းသည် တန်းတူညီမျှသော၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် အမျိုးသမီးကော်မတီများ ဖွဲ့စည်းတည်ထောင်၍ အမျိုးသမီးများ၊ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် ဆောင်ရွက် သွားမည်။

အသေးစား၊ လုပ်ကွက်ငယ် လယ်သမားများ၏ အခွင့်အရေးဆိုင်ရာ၊ အကျိုးစီးပွား ဆိုင်ရာကိစ္စရပ်များကို အထူးအလေးပေးဆောင်ရွက်၍ မြန်မာနိုင်ငံရှိအလုပ်သမား၊ လယ်သမားညီအကိုမောင်နှမများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံအဆင့်၊ ဒေသဆိုင်ရာအဆင့်၊ အပြည်ပြည် ဆိုင်ရာအဆင့်တွင် အလုပ်သမား သမဂ္ဂများ၊ တောင်သူလယ်သမားသမဂ္ဂများ၊ လူမှုရေးမိတ်ဖက်ကောင်း များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်။

အလုပ်သမား၊ လယ်သမားများ၏ အခွင့်အရေးဆိုင်ရာ၊ အကျိုးစီးပွားဆိုင်ရာနှင့် ပါတ်သက်သော မူဝါဒ များ ပြုပြင်ပြောင်းလဲရေးတွင် သုတေသနလုပ်ငန်းများ ကိုလည်းပိုမိုကောင်းမွန်စွာ ဆောင်ရွက် သွားမည်။

ရေရှည်တည်တံ့ခိုင်မြဲသော၊ ကျစ်လျစ်ခိုင်မာအားကောင်းသော တောင်သူလယ်သမားသမဂ္ဂ လှုပ်ရှားမှု ဖြစ်ပေါ်လာစေရန် သမဂ္ဂအသိပညာပေးလုပ်ငန်းနှင့် စည်းရုံးရေးလုပ်ငန်းသည် မိမိတို့၏ အသက်သွေးကြော ဖြစ်ပါသည်။ ထို့ကြောင့် သမဂ္ဂအသိပညာ ပေးလုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်းများကို အခြေခံအဆင့်၊ မြို့နယ် အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ကဏ္ဍအဆင့်၊ နိုင်ငံအဆင့် နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၀၊ ၂၁ရက်နေ့တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) တတိယအကြိမ် ညီလာခံတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များ၊ အရံကော်မတီဝင်များမှ သဘောထားထုတ်ပြန်ပါသည်။

ဗဟိုကော်မတီအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် (၁၅) ဦး
၁။ ဦးသန်းဆွေ ဥက္ကဋ္ဌ
၂။ ဦးမောင်မောင် ဒုတိယဥက္ကဋ္ဌ
၃။ ဒေါ်သဲဝင့်၊ အထွေထွေအတွင်းရေးမှူး

၎။ ဦးဌေးလွင် တွဲဘက်အထွေထွေအတွင်းရေးမှူး
၅။ ဒေါ်သီးခြားပန်း ဘဏ္ဍာရေးမှူး
၆။ ဦးတင့်လွင် ဗဟိုကော်မတီအဖွဲ့ဝင်
၇။ ဦးသန်းဦး ဗဟိုကော်မတီအဖွဲ့ဝင်
၈။ ဦးမြတ်ကျော်ထွေး ဗဟိုကော်မတီအဖွဲ့ဝင်
၉။ ဦးသိန်းနိုင်အောင်ဝေ ဗဟိုကော်မတီအဖွဲ့ဝင်
၁၀။ ဦးလှဝင်း ဗဟိုကော်မတီအဖွဲ့ဝင်
၁၁။ ဦးဟိန်းလတ် ဗဟိုကော်မတီအဖွဲ့ဝင်
၁၂။ ဦးစိန်မြင့် ဗဟိုကော်မတီအဖွဲ့ဝင်
၁၃။ ဒေါ်ကြူကြူသင်း ဗဟိုကော်မတီအဖွဲ့ဝင်
၁၄။ ဦးယုံကာ ဗဟိုကော်မတီအဖွဲ့ဝင်
၁၅။ ဒေါ်နန်းဇင်မာထွန်း ဗဟိုကော်မတီအဖွဲ့ဝင်

အရံဗဟိုကော်မတီအဖွဲ့ဝင် (၁၅) ဦး
၁။ ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီး
၂။ ဦးအောင်စိုး ကရင်ပြည်နယ်
၃။ ဒေါ်ခင်လေးဖြူ ရှမ်းပြည်နယ်
၎။ ဦးသောင်းညွှန့် ပဲခူးတိုင်းဒေသကြီး
၅။ ဦးအောင်လွင် ရန်ကုန်တိုင်းဒေသကြီး
၆။ ဦးမျိုးလွင် ပဲခူးတိုင်းဒေသကြီး
၇။ ဦးခိုင်ထွန်း ပဲခူးတိုင်းဒေသကြီး
၈။ ဦးအောင်မျိုးခိုင် ရန်ကုန်တိုင်းဒေသကြီး
၉။ ဦးတင်မောင်မြင့် ကချင်ပြည်နယ်
၁၀။ ဒေါ်ခင်စုစုလှိုင် ရန်ကုန်တိုင်းဒေသကြီး
၁၁။ ဦးရဲထွဋ်အောင် ရန်ကုန်တိုင်းဒေသကြီး
၁၂။ ဦးဌေးအောင် ရန်ကုန်တိုင်းဒေသကြီး
၁၃။ ဦးမြင့်သိန်း ဧရာဝတီတိုင်းဒေသကြီး
၁၄။ ဦးအောင်သောင်း ဧရာဝတီတိုင်းဒေသကြီး
၁၅။ ဦးတာနော် ကရင်ပြည်နယ်

ဆက်သွယ်ရန် –
+၉၅၉ ၇၉၆ ၂၃၅ ၇၆၈။
+၉၅၁ ၅၅၁ ၅၂၆။

Leave a Reply

Your email address will not be published. Required fields are marked *