All for Joomla All for Webmasters
Gender/Equality Training for Mining Worker Federation of Myanmar
(AFFM) တတိယအကြိမ် ညီလာခံ သတင်းထုတ်ပြန်ချက်
October 22, 2017
Organizing Activities by BWFM
October 25, 2017

Gender/Equality Training for Mining Worker Federation of Myanmar

Gender/Equality Training for Mining Worker Federation of Myanmar (22nd October 2017)
IndustriALL နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) တို့မှ ပူးပေါင်း၍ CTUM၏ အဖွဲ့ဝင်များအတွက် ကျား/မ တန်းတူညီမျှမှုဆိုင်ရာ ဆရာဖြစ်သင်တန်း အား စက်တင်ဘာလတွင်ကျင်းပခဲ့ပြီး MWFM ကိုယ်စားပြုအနေဖြင့် (၅)ဦးတက်ရောက်ခဲ့ပြီးနောက် ၄င်းတို့မှ သတ္တုတွင်းအဖွဲ့ဝင်များအား လူမှုအဖွဲ့အစည်းများတွင် ကျား/မတန်းတူညီမျှစွာပါဝင်ဆောင်ရွက်ခြင်း၏ အရေးပါမှုကို သိရှိစေရန်၊ အသိပညာပေး စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် ဆင့်ပွားသင်တန်းအနေဖြင့် ဖောင်းကားတောင်ရွာ၊ ဒက္ခိဏရာမကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။
ဆားလင်းကြီးမြို့နယ်သတ္တုတွင်းအဖွဲ့ဝင်များမှ အမျိုးသား (၅)ဦး၊ အမျိုးသမီး(၂၀)ဦး၊ စုစုပေါင်း (၂၅) ဦး တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
သင်တန်းတွင် မြို့နယ်သတ္တုတွင်းအလုပ်သမားအဖွဲ့အစည်း အမျိုးသမီးကော်မတီအတွင်းရေးမှူးး ဒေါ်ဆန်းဆန်းထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် သင်တန်းပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းပြသည်။
သင်တန်းတွင် မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ ကျား-မ တန်းတူရေးညီမျှမှုအတွက် ဥပဒေ၊ မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များ၊ ကျား-မရေးရာ အား လူမှုတည်ဆောက်မှုအနေဖြင့် သုံးသပ်ခြင်းများ၊ နိုင်ငံတကာမှ မီးဖွားမှုနှင့်ဆိုင်သည့် အခွင့်အရေးများ အား ဒေါ်နန်းချိုချိုဦး၊ ဒေါ်ခင်ဝင်းလဲ့ဖြူ၊ ဒေါ်ခင်မြတ်မြတ်စိုး၊ ဒေါ်နှင်းသူဇာလှိုင်နှင့် ဒေါ်ခင်မိုးသန်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
Basic Labour Organisation of Myanmar Yangtse Copper Mine

Leave a Reply

Your email address will not be published. Required fields are marked *