All for Joomla All for Webmasters
Capacity Building Training on Vacant, Fallow and Virgin Lands Management Law
သုံးနှစ်ပြည့် IWFM ညီလာခံကျင်းပနိုင်ရေး အကြိုဆွေးနွေးပွဲ
September 25, 2017
Organizing Training for CTUM/ IWFM Members Union Leaders
September 25, 2017

Capacity Building Training on Vacant, Fallow and Virgin Lands Management Law

Capacity Building Training on Vacant, Fallow and Virgin Lands Management Law
Organized by, AFA, We Effect, CTUM and AFFM
21-23, September, 2017
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ကဏ္ဍအလိုက်အဖွဲ့ချုပ်တစ်ခုဖြစ်သော မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) မှ အဖွဲ့ဝင် စိုက်ပျိုးရေးသမဂ္ဂခေါင်းဆောင်များအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စွမ်ရည်မြှင့်သင်တန်းကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်နေပါသည်။ သင်တန်းတွင် AFFM ဥက္ကဋ္ဌ ဦးသန်းဆွေ မှ အဖွင့်အမှာစကားပြောကြားခြင်း၊ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ
၁) အစုအဖွဲ့ပိုင်သစ်တော (CF) နှင့် CF လျောက်ထားခြင်းဆိုင်ရာယန္တရားအကြောင်း ဆွေးနွေးခြင်း။
၂) အမျိုးသား မြေအသုံးချမှုမူဝါဒ ဆိုင်ရာအကြောင်းများဆွေးနွေးခြင်း။
၃) သစ်တော ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ညွန်ကြားချက်များအကြောင်း ဆွေးနွေးခြင်း။
၎) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဆိုင်ရာ လျောက်ထားခြင်း ယန္တရား အကြောင်းဆွေးနွေးခြင်း။
၅) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပါ အခွင့်အရေးများအကြောင်း ဆွေးနွေးခြင်း။
၆) ဌာနေတိုင်းရင်းသား၏ မြေအသုံးချမှုမူဝါဒနှင့် ဓလေ့ထုံးတမ်းဥပဒေပါ မြေယာပိုင်ဆိုင်ခွင့်များအကြောင်းဆွေးနွေးခြင်း။
အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မြို့နယ် (၃၅) မြို့နယ်မှ စိုက်ပျိုးသမဂ္ဂခေါင်းဆောင်များ စုစုပေါင်း (၆၅) ဦး တက်ရောက်နေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *