All for Joomla All for Webmasters
Organizing Training for CTUM/ IWFM Members Union Leaders
Capacity Building Training on Vacant, Fallow and Virgin Lands Management Law
September 25, 2017
IWFM/CTUM organizers are helping East Growth workers
September 25, 2017

Organizing Training for CTUM/ IWFM Members Union Leaders

Organizing Training for CTUM/ IWFM Members Union Leaders (19-20 Sep 2017)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ အဖွဲ့ဝင် စက်မှုကုန်ထုတ်ကဏ္ဍ၌ ရှိသော အလုပ်သမားသမဂ္ဂခေါင်းဆောင်များအတွက် စည်းရုံးရေးဆိုင်ရာ သင်တန်းကို ပြုလုပ်ခဲ့ပါသည်။ ညီအစ်ကိုမောင်နှမ သမဂ္ဂဖြစ်သော MOE မြန်မာရေနံ အခြေခံအလုပ်သမားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါသည်။ သင်တန်းကို စက်တင်ဘာလ (၁၉-၂၀) ရက်နေ့များတွင် အရှေ့ ဒဂုံမြို့နယ်ရှိ CTUM ရုံးချုပ် Solidarity ခန်းမ တွင် ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီး တို့မှ ချည်မျှင်၊ အထည်၊ စားသောက်ကုန်၊ လူသုံးကုန်၊ ရေနံ ကဏ္ဍရှိ အခြေခံအလုပ်သမားအဖွဲ့အစည်း (၁၆ ဖွဲ့) မှ ကိုယ်စားလျယ်များ တက်ရောက်ခဲ့ပြီး စုစုပေါင်း ၃၆ ဦး ဖြစ်ပါသည်။ အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၂၂) ဖြစ်ပါသည်။ သင်တန်းတွင် လုပ်ငန်းခွင်အခြေအနေများ၊ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများကို ဆွေးနွေးခဲ့ပြီး သမဂ္ဂများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာတွင် ကျင့်သုံးသည့် Organizing Model နည်းနာ (၂) မျိုး၊ အလုပ်သမားများ လိုက်ပါဆောင်ရွက်နိုင်သည့် အခြေအနေများကို သုံးသပ်ခြင်း၊ သမဂ္ဂတွင်း ဆက်သွယ်ရေး နည်းနာများ ဆွေးနွေးခြင်း၊ သမဂ္ဂစည်းရုံးရေး ဆောင်ရွက်ရာတွင် သတိပြု လိုက်နာသင့်သော အချက်များ၊ အဖွဲ့ဝင်အခြေအနေများကို သုံးသပ်ခြင်း၊ စည်းရုံးရေး အစီအစဉ်များ ဆွေးနွေးခြင်း တို့ကို ပြုလုပ်ခဲ့ကြပါသည်။
သင်တန်းတွင် CTUM/ IWFM မှ ဗဟိုကော်မတီဝင် ဒေါ်ခိုင်ဇာအောင် နှင့် CTUM/IWFM အဖွဲ့ဝင် လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်အလုပ်သမားအဖွဲ့အစည်းမှ အမှုဆောင် ဒေါ်တင်ဇာထက် တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *