All for Joomla All for Webmasters
CTUM ခေါင်းဆောင်များနှင့် ပဲခူးတိုင်း ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခြင်း
CTUMအဖွဲ့ဝင်(၄၅)ဦးသည် ကျွမ်းကျင်လုပ်သားများ အဖြစ်အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိ
January 14, 2017
ရန်ကုန်တိုင်းဒေသကြီးကုန်ထုတ်နှင့်စက်မှု အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းအဝေး
January 18, 2017

CTUM ခေါင်းဆောင်များနှင့် ပဲခူးတိုင်း ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခြင်း

CTUM ခေါင်းဆောင်များနှင့် ပဲခူးတိုင်း ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၁၂)၇က်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှိ ကုန်တင်ကုန်ချ အလုပ်သမား အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ် သမားအဖွဲ့ချုပ်- AFFM အထွေထွေ အတွင်းရေးမှူး ဦးတင့်လွင်မှ CTUM အဖွဲ့ချုပ်လုပ်ငန်းစဉ်များအား ရှင်းလင်းပြော ကြားခဲ့သည်။
– ထို့ပြင် မြန်မာနိုင်ငံကုန်တင်ကုန်ချအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CHWUF အဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူး ဦးအောင်ကျော်စိုးမိုးမှ ကုန်တင်ကုန်ချအဖွဲ့၏ လှုပ်ရှားမှုဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ ရှေလုပ်ငန်းစဉ်များအပြင် လူငယ်ကော်မတီဖွဲ့စည်းထားရှိမှု အနေအထားများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒိုက်ဦးကုန်တင်ကုန်ချအလုပ်သမားများမှ ဖွဲ့စည်းထားပြီးဖြစ်သော လူငယ်ကော်မတီအဖွဲ့ဝင်များနှင့် လူငယ်ကော်မတီအချင်းချင်းချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို CTUM မှ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးမှ လူငယ်ကော်မတီအချင်းချင်း ချိတ်ဆက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးဆောင်ရွက်ရန် တင်ပြခဲ့သည်။
– ထို့နောက် ဒိုက်ဦးမြို့နယ်ရှိ ဖအောင်ဝဲ ကျေးရွာအုပ်စုရှိ မြမန္တလာ ဘုန်းကြီးကျောင်းရှိ ဘုန်တော်ကြီးနှင့် သမဂ္ဂအဖွဲ့ဝင် ဆရာမများနှင့် တွေ့ဆုံခဲ့ ပြီး လာမည့်နွေရာသီတွင် အင်္ဂလိပ်စာသင်တန်းပို့ချနိုင်ရန် အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *