All for Joomla All for Webmasters
CTUMအဖွဲ့ဝင်(၄၅)ဦးသည် ကျွမ်းကျင်လုပ်သားများ အဖြစ်အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိ
(၁၀၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) နှင့်ပါတ်သတ်သော ဗဟိုကော်မတီအစည်းအဝေး
January 14, 2017
CTUM ခေါင်းဆောင်များနှင့် ပဲခူးတိုင်း ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခြင်း
January 14, 2017

CTUMအဖွဲ့ဝင်(၄၅)ဦးသည် ကျွမ်းကျင်လုပ်သားများ အဖြစ်အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိ

CTUM အဖွဲ့ဝင်(၄၅)ဦးသည် မြန်မာကျွမ်းကျင်လုပ်သားများအဖြစ် အမျိုသားအဆင့်ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိ
(၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ၊ (၁၄)ရက်နေ့ UMFCCI ခန်းမ)
(45) workers, members of CTUM received the National Occupational Competency Certificates of National Skills Standards Authority in Awarding Ceremony at UMFCCI

မြန်မာကျွမ်းကျင်လုပ်သားများအတွက် အမျိုးသားအဆင့်(၁)နှင့်အဆင့်(၂) ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို National Skill Standards Authority- NSSA မှ ပြုလုပ်ကျင်းပခဲ့သည်။

ထိုကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ UMFCCI ဥက္ကဋ္ဌ၊ ACC ဥက္ကဋ္ဌ၊ NSSA ဥက္ကဋ္ဌ တို့ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်ပေးထားသော အလုပ်အကိုင်ကျွမ်းကျင်မှုသင်တန်းကျောင်း(ရန်ကင်း၊ သုဝဏ္ဏ)တွင် အလုပ်သမားများ၏ ကျွမ်းကျင်မှုသက်မွေးပညာဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ထိုသင်တန်းကျောင်းများတွင် သင်ကြားတတ်မြောက်အောင်မြင်သူများကို ၄င်းအခမ်းအနားတွင် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်းပင် ဖြစ်ပါသည်။ ထိုသင်တန်းကျောင်းတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းရှိ CTUM အဖွဲ့ဝင် (၄၅)ဦးသည် လက်သမား၊ ပန်းရံ၊ အထည်ချုပ်၊ ကြွေပြားကပ် သင်တန်းတွင် တတ်ရောက်လေ့လာခဲ့ပြီး ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရယူခဲ့ပါသည်။

ထိုသင်တန်းပြီးဆုံးပြီး ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိပြီးသူများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တစ်နေ့လုပ်အားခ (၅၀၀)ကျပ် အပို ရရှိမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ကျွမ်းကျင်မှုအဆင့်ဆင့်သင်တန်းများ သတ်မှတ်ထားပြီး အရည်အသွေးမီသောသူများကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *