All for Joomla All for Webmasters
CTUM Internal Trainers Training Module – II
သီရိပျံချီ ဦးသိန်းဆွေနှင့် CTUM တို့ ဆွေးနွေးပွဲ
May 10, 2019
CTUM members have sent to Japan to learn about Japanese Trade Union movement
May 17, 2019

CTUM Internal Trainers Training Module – II

CTUM Internal Trainers Training Module – II
CTUM Solidarity Hall, East Dagon Township, Yangon
07-11, May, 2019
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် ဒိန်းမတ်နိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ (LO/FTF Council – Danish Trade Union Council for International Development Cooperation) တို့မှ ပူးပေါင်း၍ CTUM ၏ အဖွဲ့ဝင်များအား စွမ်းရည်မြှင့် တင်နိုင်ရန်နှင့် သင်တန်းများအား စနစ်တကျနှင့် အစီအစဉ်တကျ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ သင်တန်းဆရာဖြစ် သင်တန်းအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှ စတင်၍ CTUM ၏ အဖွဲ့ဝင်များဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကုန်ထုတ်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေး နှင့် သစ်လုပ်ငန်းကဏ္ဍနှင့် သတ္တုတွင်းကဏ္ဍမှ အဖွဲ့ဝင်များဖြင့် ပြုလုပ်ခဲ့ပြီး စုစုပေါင်း သင်တန်းသား သင်တန်းသူ (၈၉) ဦး အား Trainers Training Module (TTM) များ အဆင့်ဆင့်ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ၄င်းအဆင့်ဆင့်များတွင် သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက် အကြောင်းအရာဖြည့်စွက်သည့် သင်တန်းများကို မိမိတို့ CTUM အနေဖြင့် ပြုလုပ်ပေးရခြင်းဖြင့် လည်းကောင်း၊ သင်တန်းတက်ပြီးသည့် သင်တန်းသား/သူများအနေဖြင့် မိမိတို့၏ အခြေခံ စက်ရုံ (သို့မဟုတ်) အဖွဲ့အစည်းများတွင် တစ်ရက်တာသင်တန်းများကို ပြန်လည်ပြုလုပ်ကြရပါသည်။ ထိုတစ်ရက်တာသင်တန်း များ ပြန်လည်ပြုလုပ်ပြီးသည့်သူများဖြင့်သာ နောက်တစ်ဆင့် သင်တန်းများဖြစ်သည့် Trainer Training Module – II သို့လည်းကောင်း၊ Trainer Training Module – III သို့လည်းကောင်း၊ သင်ရိုးညွန်းတမ်းရေးဆွဲ ခြင်းဆိုင်ရာ သင်တန်းသို့လည်းကောင်း တက်ရောက်ခွင့် ရမည်ဖြစ်ပါသည်။ သင်တန်းရည်ရွယ်ချက်မှာ သင်တန်းသားအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် သင်ရိုးညွန်းတမ်းများကို အပြီးသတ် ရေးဆွဲနိုင်ရန်နှင့် သင်တန်းများပြန်လည်ပြုလုပ်ရာတွင် စနစ်တကျ အသုံးပြုနိုင်ရန်အထိ ရည်ရွယ်ပါသည်။
ထို့ကြောင့် ၂၀၁၉ ခုနှစ်၊ မေလ (၀၇) မှ (၁၁) ရက်နေ့အထိ CTUM ၏ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများ အလိုက်သော်လည်းကောင်း၊ ဌာနများအလိုက်သော်လည်းကောင်း သင်တန်းများပြုလုပ်ပေးနေကြသည့် ခေါင်းဆောင်များ စုစုပေါင်း (၁၈) ဦးကို လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ပါသည်။ ယခုအကြိမ်သည် (TTM) ၏ အဆင့် (၂) ဖြစ် သင်တန်းသားများသည် မိမိတို့၏ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် Session Plan (အပိုင်းလိုက်အစီအစဉ်) များကို စနစ်တကျ ရေးဆွဲနိုင်ရန်နှင့် ယင်းအစီအစဉ်များကို အစီအစဉ်တကျ ပြန်လည်ရှင်းလင်းတင်ပြနိုင်ရန် ရည်ရွယ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *