All for Joomla All for Webmasters
CTUM met with the Chinese Commercial attache for Chinese Embassy of Myanmar
CTUM met with Myanmar Solamoda Garment Factory top managemen
December 27, 2017
Opening Speech Session in 2nd BWFM Congress
December 27, 2017

CTUM met with the Chinese Commercial attache for Chinese Embassy of Myanmar

CTUM met with the Chinese Commercial attache for Chinese Embassy of Myanmar, Vice-Chairman of the Chinese Enterprises Chamber in Myanmar and the Chairman of Chinese Textile and Garment association on the future cooperation for textile and garment sector. (2017 Dec 19)

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ တရုတ်သံရုံး၏ Commercial attache (ကုန်သွယ်လုပ်ငန်းခွင် စစ်သံမှူး)၊ တရုတ်အမျိုးသား လုပ်ငန်းရှင်များအသင်း ( မြန်မာနိုင်ငံ) ၏ ဒုဥက္ကဌ နှင့် တရုတ်အမျိုးသား ချည်မျှင်နှင့် အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ တို့နှင့် တရုတ်သံရုံးတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံသည့် အကြောင်းရင်းမှာ နှစ်ဘက်ဆွေးနွေးချက် ရှိထားသည့်အတိုင်း တရုတ်အမျိုးသား အထည်ချုပ်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ အလုပ်သမားဥပဒေများအား သင်တန်းပေးရန်အတွက် တွေ့ဆုံခြင်းဖြစ်ပါသည်။ တရုတ်အမျိုးသား အထည်ချုပ် လုပ်ငန်းရှင်များအား သင်တန်းပို့ချရန်အတွက် အလုပ်သမားဥပဒေများကို ILO မှ တရုတ်ဘာသာဖြင့် ဘာသာပြန်ပေးပြီး ဖြစ်ကြောင်း ပြော၍ ဘာသာပြန် ထားသည့် ဥပဒေများကို ပေးခဲ့သည်။ သင်တန်းများကို ၂၀၁၈ တွင် စတင်ပေးလိုကြောင်း ဆွေးနွေးခဲ့သည်။ တရုတ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များကလည်း သင်တန်းများ ပူးတွဲ ပြုလုပ်ရန်အတွက် ကြိုဆိုကြောင်း၊ CTUM နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းပြုလုပ်ရန်အတွက် အသေးစိတ် ဆွေးနွေးမှုများကို ပြုလုပ်ရန် လိုအပ်ကြောင်း တို့ကို ဆွေးနွေးခဲ့ပါသည်။ ထိုနောက် သင်တန်းပြုလုပ်ရန်အတွက် အသေးစိတ်ဆွေးနွေးရန် ရက်သတ်မှတ်ခဲ့ပြီး အစည်းအဝေးးကို ပြီးဆုံးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *