All for Joomla All for Webmasters
CTUM met with Myanmar Solamoda Garment Factory top managemen
Social Dialogue Workshop
December 27, 2017
CTUM met with the Chinese Commercial attache for Chinese Embassy of Myanmar
December 27, 2017

CTUM met with Myanmar Solamoda Garment Factory top managemen

CTUM met with Myanmar Solamoda Garment Factory top management from China and Brand representatives from Vietnam to reinstate the seven dismissed union leaders and to form workplace coordination committee with union representatives.
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM/ IWFM သည် Myanmar Solamoda အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် (၇) ဦးအား ကျိုးကြောင်းညီညွတ်မှု မရှိဘဲ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း ကိစ္စနှင့် စပ်လျဉ်း၍ စက်ရုံတွင် ပစ္စည်းအပ်သော Brands ကုန်အမှတ်တံဆိပ်များသို့ ဆက်သွယ်၍ အလုပ်သမားအခွင့်အရေး၊ အလုပ်သမား သမဂ္ဂအခွင့်အရေး၊ လူ့အခွင့်အရေးများ ချိုးဖောက်နေမှုအပေါ် စစ်ဆေး၍ အလုပ်သမားခေါင်းဆောင်များအား အလုပ်ပြန်လည် ခန့်ထားပေးစေရေးအတွက် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် တိုင်းခုံသမာဓိအဖွဲ့မှ အလုပ်သမားများခေါင်းဆောင်များအား အလုပ်ပြန်လည်ခန့်ထားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း အလုပ်ရှင်မှ လိုက်နာဆောင်ရွက်ခြင်းလည်းမရှိ၊ ခုံသမာဓိကောင်စီသို့လည်း ဆက်လက် မတက်ခဲ့ပါ။ ထို့ကြောင့် စက်ရုံအနေဖြင့် နိုင်ငံ၏ ဥပဒေများကို ချိုးဖောက်နေသည့်အတွက် ဥပဒေများကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် တိုက်တွန်းရန်၊ CTUM ကိုယ်စားလှယ်များနှင့်အတူ လာရောက်တွေ့ဆုံရန်အတွက် Brand အား တိုက်တွန်းခဲ့ပါသည်။
ထို့ကြောင့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံမှ Solamoda လုပ်ငန်းစု၏ တာဝန်ရှိသူနှင့် ဗီယက်နမ်နိုင်ငံ ရုံးတွင် တာဝန်ရှိသော Brand ကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ လာရောက်၍ CTUM ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

အစည်းအဝေးတွင် ဖြစ်စဉ် အကျဉ်းချုပ်များကို Solamod လုပ်ငန်းစု ကိုယ်စားလှယ်မှ ရှင်းလင်းပြခဲ့ပါသည်။ CTUM အနေဖြင့်လည်း Solamoda စက်ရုံ သမဂ္ဂသည် CTUM/IWFM ၏ အဖွဲ့ဝင်ဖြစ်ကြောင်း၊ သမဂ္ဂ စတင်ဖွဲ့စည်းစဉ်းမှ စ၍ ကူညီဆောင်ရွက်ခဲ့ကြောင်း၊ Solamoda စက်ရုံအလုပ်သမားများ သပိတ်မှောက် ဆန္ဒဖော်ထုတ်မယ့် ခွင့်ပြုချက်တောင်းခံစာ ရရှိချိန်တွင် စက်ရုံတာဝန်ရှိသူများအား ဖုန်းဆက်၍ CTUM ကိုယ်စားလှယ်များမှ လာရောက် ကူညီဆွေးနွေးလိုကြောင်း၊ သပိတ်မှောက်ခြင်းကို မဖြစ်စေလိုကြောင့်း အကြောင်းကြားခဲ့သော်လည်း CTUM ၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ကြောင်း၊ သပိတ်မှောက်မှု ဖြစ်စဉ်တွင်လည်း အမြဲ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ကူညီပေးခဲ့ကြောင်းတို့ကို ရှင်းလင်းပြခဲ့သည်။
ရှေ့အနာဂတ်တွင် စက်ရုံတွင် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး တည်ဆောက်၍ စက်ရုံ၏ လုပ်ငန်းတိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဘက်မှ ကိုယ်စားလှယ်များအနေဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးဆိုင်ရာ သင်တန်းများ တက်ရောက်ရန် လိုအပ်ကြောင်း၊ အခက်အခဲများ ရှိပါက CTUM အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားနှစ်ဘက်လုံးကို ဥပဒေကြောင်းအရ လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ အကြံပြုခြင်းဖြင့် လည်းကောင်း ကူညီပေးသွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။
လုပ်ငန်းစု တာဝန်ရှိသူမှလည်း တူညီသည့် သဘောထားရှိပါကြောင်း ပြောကြားသည်။
ရှေ့အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအတွက် အခြေခံလိုအပ်ချက်အနေဖြင့် ယခု အလုပ်မှ ထုတ်ပယ်ထားသည့် အလုပ်သမားခေါင်းဆောင်များအား ခုံသမာဓိဆုံးဖြတ်ချက်အတိုင်း အလုပ်ပြန်ခန့်ရန်နှင့် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီကို အလုပ်သမားသမဂ္ဂမှ ပေးသော ကိုယ်စားလှယ်နှင့် ဖွဲ့စည်းပါရန် CTUM မှ တောင်းဆိုခဲ့သည်။
စက်ရုံဘက်မှ CTUM နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ အလုပ်ပြန်လည် ခန့်ထားရန် မဖြစ်နိုင်ကြောင်း ဆွေးနွေးသည်။ အလုပ်ပြန်မခန့်ပါက မည်သို့ ဖြစ်နိုင်သည်ကိုလည်း မေးမြန်းသည်။

အလုပ်ပြန်မခန့်ပါက
၁) တရားဥပဒေအရ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း။
၂) CTUM အနေဖြင့် ရှေ့အနာဂတ်အတွက် ကူညီရန် အစီအစဉ်များကို ဆက်လက် ဆောင်ရွက်မည် မဟုတ်ကြောင်း၊
၃) မြန်မာနိုင်ငံတွင် တရားဥပဒေမလိုက်နာသည့် ရင်းနှီးမြှပ်နှံသူများ၊ အလုပ်ရှင်များကို အလိုမရှိကြောင်း၊
၎) အလုပ်သမားများနှင့်အတူ အဆုံးထိ တရားမျှတမှု ရရှိရေးအတွက်ေ ဆာင်ရွက်သွာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လုပ်ငန်းစု တာဝန်ရှိသူအနေဖြင့် စဉ်းစားရန် အချိန်လိုအပ်ပါက စဉ်းစားနိုင်ကြောင်း၊ အချိန်မည်မျှလိုသည်ကို CTUM သို့ ပြောကြားရန်နှင့် အချိန်တိုအတွင်း စဉ်းစာရန် အကြံပြုခဲ့ပါသည်။

လုပ်ငန်းစု တာဝန်ရှိသူမှ အလုပ်ပြန်လည် ခန့်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေး ပြီးဆုံးခဲ့ပါသည်။

ဆက်လက် လုပ်ဆောင်ရန် လိုအပ်သည်များကို Brand ကိုယ်စားလှယ်နှင့် ဆွေးနွေးခဲ့ပါသည်။

အခြေအနေအား ဆက်လက် ဖော်ပြပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *