All for Joomla All for Webmasters
CTUM Second Congress (First Day)
CTUM Women Committee
November 28, 2019
Opening CTUM Second Congress
November 29, 2019
CTUM Second Congress (First Day)
၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂၉-၃၀)ရက်တွင် ကျင်းပသော CTUM ဒုတိယအကြိမ်မြောက်ညီလာခံ ပထမနေ့တွင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ လုပ်ငန်းလုပ်ဆောင်မှုအစီရင်ခံစာအား တင်သွင်းခြင်း၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေး ကော်မတီ ပထမအကြိမ် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းခြင်းကို အတည်ပြုခြင်း ကို အထွေထွေအတွင်းရေးမှူး ဦးသန်းလွင်က တင်ပြခဲ့ပြီး ညီလာခံမှ အတည်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာအား တင်သွင်းခြင်းကို ဘဏ္ဍရေးမှူးဒေါ်ခိုင်ဇာအောင်က တင်ပြခဲ့ပြီး ညီလာခံမှ အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖြည့်စွက်ချက်တို့ ဥက္ကဌဦးမောင်မောင်က တင်ပြခဲ့ပြီး ညီလာခံမှ အတည်ပြုခဲ့သည်။ အရည်အချင်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခြင်းကို အတည်ပြုခြင်း တို့ကို ပြုလုပ်ခဲ့ပြီး အရည်အချင်းစစ်ဆေးရေးကေ်ာမတီ အတွင်းရေးမှူး ဦးရဲဝင်းထွန်း၏ ပထမအကြိမ် အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခဲ့ပါသည်။ CTUM ၏ ဒုတိယအကြိမ် ညီလာခံသက်တမ်းအတွင်း ဆောင်ရွက်မည့် မဟာဗျူဟာလုပ်ငန်းစီမံချက်ကို တင်သွင်းခြင်းကို ဥက္ကဌဦးမောင်မောင်က တင်ပြခဲ့ပြီး ညီလာခံမှ အတည်ပြုခဲ့သည်။ တတ်ရောက်လာသော ညီလာခံကိုယ်စားလှယ်များမှ အဆိုပြုလွှာများကို ထုတ်ယူပြီး အဆိုပြုခဲ့ကြပြီးနောက် အရည်အချင်းစစ်ဆေးရေးကေ်ာမတီက ပြန်လည်စစ်ဆေးပြီး ညီလာခံ ပထမနေ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *