CTUM Training Center’s weekly activities
CTUM သင်တန်းကျောင်း အပါတ်စဉ် လှုပ်ရှားမှုများ
၂၀၁၆ ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ လှိုင်သာယာမြို့နယ်ရှိ CTUM သင်တန်းကျောင်းတွင် အပါတ်စဉ် အစည်းဝေးများ၊ သင်တန်းများ၊ အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးပေးမှုများ ပြုလုပ်ခဲ့ပါသည်။
South Bay အထည်ချုပ်စက်ရုံ ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်ခြင်းနှင့် ဘဏ္ဍာငွေရှင်းတမ်းများနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခြင်း၊ Korea Link အထည်ချုပ်စက်ရုံ နှင့် ထာဝရမဟာ အထည်ချုပ်စက်ရုံတို့မှ EC စာချုပ် ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခြင်း၊ နေမင်းအောင်အထည်ချုပ်စက်ရုံမှ အဖွဲ့အစည်း အမှုဆောင်ပြန်လည်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ကြိုတင်ဆွေးနွေးများ ပြုလုပ်ခဲ့ပါသည်။
လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ အလုပ်သမားကိုယ်စားလှယ်များဖြစ်သော မ၀င်းသီဂီ င်္စိုး၊ မကြည်ကြည်ထွန်း နှင့် Yes 1 အထည်ချုပ်စက်ရုံ ဘဏ္ဍာရေးမှူး ကိုဝေယံရှိုင်းတို့မှ ဦးဆောင်၍ ဆွေးနွေးအကြံပေးခဲ့ပါသည်။