Regional Training on Employment Service
ILO Regional Office for Asia and the Pacific မှ ကြီးမှူး၍ ထိုင်း နိုင်ငံဘန်ကောက်မြို့ 
တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နေ့ မှ ၁၈ ရက် နေ့ ထိ ကျင်းပခဲ့ သည့် “Regional Training on Employment Service” တွင် မြန်မာနိုင်ငံအားကိုယ် စားပြု၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၏ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာန မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်သာထွေး၊ UMFCCI မှဦးမင်းဇော်အောင် မြန်မာနိုင်လုံးဆိုင်ရာ အလုပ်သမားသဂ္ဂများအဖွဲ့ ချုပ် CTUM မှ အထွေထွေ အတွင်းရေးမှူး ဦးသန်းလွင်တို့ မှတက်ရောက်ခဲ့ပါသည်။
ထိုသင်တန်းတွင် Indonesia, Laos PDR, Mogolia, Myanmar, Nepal, Philippines, Kingdom of Thailand စသည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ အစိုး၊ အလုပ်ရှင်၊ အလုပ်သမားတို့ အား ကိုယ်စားပြု သော သူ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းသို့ ILO Regional Office for Asia and the Pacific မှ Deputy Director Mr. David Lamotte တက်ရောက် ၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ILO Experts များ မှ ကောင်းမွန်ထိရောက် သည့် Employment Service ပေးနိုင်ရေး နှင့်သက်ဆိုင်သော
အချက်အလက်များကို ပို့ ချ ပေးခဲ့ကြပါသည်။