First day of 8th Youth Leadership Training is happening in Myat Taw Win Hotel, Naypyitaw with 28 representatives of CTUM’s sector federations.
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CTUM လူငယ်ကော်မတီမှ ဦးစီးကျင်းပသည့် (၈) ကြိမ်မြောက် လူငယ်ခေါင်းဆောင်မှုသင်တန်းကို ဇူလိုင်လ (၁-၃) ရက် ၊ ၂၀၁၈ ခုနှစ်တွင် နေပြည်တော်ကောင်စီရှိ မြတ်တော်ဝင်ဟိုတယ်တွင် ဂျာမဏီဖောင်ဒေးရှင်းဖြစ်သော FRIEDRICH EBERT STIFTUNG – FES Myanmar ရုံး၏ ပံ့ပိုးကူညီမှုဖြစ် ပြုလုပ်လျှက်ရှိသည်။
အဆိုပါသင်တန်းကို CTUM၏ ကဏ္ဍအလိုက် အဖွဲ့ချုပ်များမှ အသက် (၃၅) နှစ်အောက် လူငယ် (၂၈) ဦး တက်ရောက်လျှက်ရှိပြီး သင်တန်းတွင် ၁။ လူငယ်နှင့်ခေါင်းဆောင်မှု
၂။ လူငယ်နှင့်အလုပ်အကိုင်
၃။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ နှင့် အလုပ်သမားစံချိန်စံညွှန်းများ မိတ်ဆက်
၎။ သမဂ္ဂစည်းရုံးရေး
၅။ မြန်မာ့အလုပ်သမားလှုပ်ရှားမှုသမိုင်း
၆။ ကြောင်းကျိုးတကျ စီစစ်တွေးခေါ်ခြင်း နှင့် ဆောင်ရွက်ခြင်း
၇။ လူငယ်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်များအကြောင်း သိကောင်းစရာ
စသည့်ခေါင်းစဉ်များကို CTUM လူငယ်ကော်မတီခေါင်းဆောင်များ၊ CTUM ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ CTUM ပညာပေးရေးဌာန၊ အလုပ်သမားနှင့်အလုပ်ရုံစစ်စေးရေးဌာနမှ ဒု-ညွှန်ကြားရေးမှူး နှင့် FES Myanmar ရုံးတို့မှ သင်တန်းပေးသူများအနေဖြင့် ပါဝင်ဆောင်ရွက်သည်။