All for Joomla All for Webmasters
Yangon Region Manufacturing, Textile and Garment Union’s (YMTGU) Congress
လုံခြုံစိတ်ချသော ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာအသိပညာပေးသင်တန်း
July 7, 2018
First day of 8th Youth Leadership Training
July 7, 2018

Yangon Region Manufacturing, Textile and Garment Union’s (YMTGU) Congress

Yangon Region Manufacturing, Textile and Garment Union’s (YMTGU) Congress.(1st July, 2018)
ရန်ကုန်တိုင်း ကုန်ထုတ်၊ ချည်မျှင်နှင့် အထည်အလိပ်အလုပ်သမားများ သမဂ္ဂ ညီလာခံ (Yangon Region Manufacturing, Textile and Garment Workers’ Union Congress (YMTGU) ညီလာခံ
၂၀၁၈ ခုနှစ် ဇူလိုင်လ (၁) ရက်။
ရန်ကုန်တိုင်း ကုန်ထုတ်၊ ချည်မျှင်နှင့် အထည်အလိပ်အလုပ်သမားများ သမဂ္ဂ (YMTGU) ပြန်လည်ဖွဲ့စည်းခြင်း ညီလာခံ ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁) ရက် နေ့တွင် လှိုင်သာယာမြို့နယ် အောင်မြေသာယာ ဘုရားဝင်းအတွင်းအရှိ သုံးထပ်သာသနာ့ဗိမ္မာန်တွင် အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။ YMTGU အား CTUM/IWFM သို့ အဖွဲ့ဝင်ကြေး၊ လစဉ်ကြေး ပုံမှန်ပေးသွင်းသည့် ရန်ကုန်တိုင်းအတွင်းရှိ အလုပ်သမား အဖွဲ့အစည်းများနှင့် စုပေါင်း ဖွဲ့စည်းခြင်း ဖြစ်ပါသည်။
YMTGU ညီလာခံ သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ ဥက္ကဌ ဦးမောင်မောင်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး၊ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး နှင့် ဗဟိုကော်မတီအဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြပါသည်။ ထို့ပြင် CTUM အဖွဲ့ဝင် လုပ်ငန်းကဏ္ဍအဖွဲ့ချုပ်များမှ ဧည့်သည်တော်များ၊ လေ့လာသူများလည်း တက်ရောက်ခဲ့ကြပါသည်။
ယနေ့ ပြုလုပ်သော ရွေးကောက်တင်မြောက်ခြင်းပါဝင်သော ညီလာခံ ကျင်းပနိုင်ရန်အတွက် ကြိုတင် ညှိနှိုင်းသည့် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားအဖွဲ့အစည်း အမှုဆောင်ပြန်လည် ရွေးချယ်ခြင်းအတွက် အရည်အချင်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခြင်း၊ ညီလာခံကျင်းပရန် ရက် သတ်မှတ်ခြင်း၊ ကိုယ်စားလှယ် ဖိတ်ကြားခြင်းကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြင်ဆင်လိုသည့် အချက်များကို ဆွေးနွေးခြင်းစသည့်တို့ကို ညှိနှိုင်းဆွေးနွေး သဘောတူခဲ့ကြပါသည်။
ယနေ့တွင် ပြုလုပ်သည့် YMTGU ပြန်လည်ဖွဲ့စည်းခြင်း ညီလာခံအား အကြို အစည်းအဝေးမှ သတ်မှတ်ခဲ့သည့် ရက်အတိုင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ညီလာခံတွင် YMTGU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ညီလာခံ တက်ရောက်လာသူများမှ ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်း၊ အရည်အချင်းစစ်ဆေးရေးကော်မတီမှ ညီလာခံကိုယ်စားလှယ်စာရင်းအား စစ်ဆေးရာတွင် ဖွဲ့စည်းပုံနှင့်အညီ လစဉ်ကြေး ပေးဆောင်သော အဖွဲ့ဝင်ဦးရေ (၁၅၀) ဦးလျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် တက်ရောက်လာသူ ကိုယ်စားလှယ် (၄၅) ဦးဖြစ်ကြောင်း အတည်ပြု အစီရင်ခံစာ တင်သွင်းခြင်း၊ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒီမိုကရေစီ နည်းကျ လျို့ဝှက်မဲပေး၍ ရွေးကောက်တင်မြောက်ခြင်း၊ အဖွဲ့ဝင်ကြေး၊ လစဉ်ကြေး ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ညီလာခံတွင် ရွေးကောက်တင်မြောက်ခံရသော အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ –
၁) ဒေါ်ဝင်းသိင်္ဂံစိုး (ခေါ်) မစိုးလေး – ဥက္ကဌ
၂) ဒေါ်ကြည်ကြည်ထွန်း – ဒုဥက္ကဌ
၃) ဒေါ်အိအိလှိုင် – အတွင်းရေးမှူး
၎) ဒေါ်စန်းစန်း – တွဲဘက်အတွင်းရေးမှူး
၅) ဒေါ်အေးအေးစိုး – ဘဏ္ဍာရေးမှူး
၆) ဦးနိုင်ဝင်းလှိုင် – အဖွဲ့ဝင်
၇) ဦးစိုးသူ – အဖွဲ့ဝင်
၈) ဒေါ်နှင်းသန္တာ – အဖွဲ့ဝင်
၉) ဒေါ်ဇင်မာမျိုး – အဖွဲ့ဝင်
၁၀) ဒေါ်နှင်းသဇင် – အဖွဲ့ဝင်
၁၁) ဦးဝေယံရှိုင်း – အဖွဲ့ဝင်
၁၂) ဒေါ်ခင်သန္တာ – အဖွဲ့ဝင်
၁၃) ဦးဝင်းသိန်း – အဖွဲ့ဝင်
၁၄) ဒေါ်စီစီအောင် – အဖွဲ့ဝင်
၁၅) ဒေါ်နွေးနွေးစန်း – အဖွဲ့ဝင်

Leave a Reply

Your email address will not be published. Required fields are marked *