All for Joomla All for Webmasters
ILOနှင့်အတူ CTUM မှ OSH Ambassador (၂)ဦးခန့်အပ်ခြင်းဆိုင်ရာ
IndustriALL Women’s Committee Meeting, Geneva, Switzerland
May 3, 2018
Our trade union power
May 3, 2018

ILOနှင့်အတူ CTUM မှ OSH Ambassador (၂)ဦးခန့်အပ်ခြင်းဆိုင်ရာ

မြန်မာနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး သံတမန် OSH Ambassador (၂)ဦး အဖြစ် နိုင်ငံကျော် လူကြိုက်များသည့် အကအဖွဲ့ခေါင်းဆောင် မင်းမင်းထွဏ်း (Life and Dance) နှင့် နိုင်ငံတော် အဆိုတော် အိမ့်ချစ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်း ILO၏ ကူညီပံ့ပိုးမှုဖြင့် CTUM က ပေးအပ်မည်ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အစည်းအဝေးတွင် အတည်ပြုလိုက်ပါသည်။

ထိုအစည်းအဝေးတွင် CTUM ခေါင်းဆောင်များနှင့် တာဝန်ရှိသူများသည် ILO မြန်မာရုံးတွင် Ms Valentine Offenloch တို့မှ ဆွေးနွေးခဲ့ကာ သတ်မှတ်ထားသည့် သံတမန်နှစ်ဦးအား ကမ်းလှမ်းခဲ့ပါသည်။

ထိုကမ်းလှမ်းချက်အား နိုင်ငံကျော် လူကြိုက်များသည့် အကအဖွဲ့ခေါင်းဆောင် မင်းမင်းထွဏ်း (Life and Dance) နှင့် နိုင်ငံတော် အဆိုတော် အိမ့်ချစ် တို့မှ လက်ခံခဲ့ရာ ၂၀၁၈ခုနှစ် ဧပြီလ ၂၈ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ “လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး” နေ့၊
“အလုပ်သမားများအား အောက်မေ့ဖွယ်”နေ့ အခမ်းအနားတွင် တရားဝင် ပေးအပ်သွားမည် ဖြစ်ပြီး သံတမန်နှစ်ဦး စလုံးမှ တတ်ရောက် လက်ခံမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *