All for Joomla All for Webmasters
IndustriALL Women’s Committee Meeting, Geneva, Switzerland
ဆူးကျုံဆစ်​ အထည်​ချုပ်​ချုပ်​စက်​ရုံတွင် အနည်းဆုံးအခကြေးငွေဆွေးနွေးပွဲ
May 3, 2018
ILOနှင့်အတူ CTUM မှ OSH Ambassador (၂)ဦးခန့်အပ်ခြင်းဆိုင်ရာ
May 3, 2018

IndustriALL Women’s Committee Meeting, Geneva, Switzerland

IndustriALL Women’s Committee Meeting, Geneva, Switzerland
25 April 2018
Venue – IATA International Air Transport Association
၂၀၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကုန်ထုတ်၊ ဓာတု၊ သတ္တုနှင့် အထွေထွေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် IndustriALL ၏ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၊ IATA International Air Transport Association တွင် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် CTUM ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (IndustriALL ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ခိုင်ဇာအောင်) မှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဒေသဆိုင်ရာ (၅) ခုမှ IndustriALL ၏ မူဝါဒအဖြစ် ဆွေးနွေးထားသည့် အမျိုးသမီး ကိုယ်စားပြုမှု ၄၀% ရာခိုင်နှုန်းအထိ ပါဝင်ေ၇းအတွက် ဆောင်ရွက်မှု အခြေအနေများကို အစီရင်ခံ တင်ပြကြသည်။ အမျိုးသမီးများ ခေါင်းဆောင်မှု အဆင့်ဆင့်၊ လုပ်ငန်းစီမံချက်များ၊ နိုင်ငံအဆင့် အဖွဲ့ချုပ်များ ခေါင်းဆောင်မှုအဆင့်ဆင့်တွင် ပါဝင်လာစေရေးအတွက် မဟာဗျူဟာများနျှင့် လုပ်ဆောင်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လုပ်ငန်းခွင်တွင်း အမျိုးသမီး/ အမျိုးသားများအား အကြမ်းဖက်မှု ပပျောက်ရေးအတွက် ၂၀၁၈ခုနှစ် ILO ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ ILO / ITUC မှ ကိုယ်စားလှယ် မှ ညီလာခံသို့ တင်သွင်းမည့် အစီရင်ခံစာ နှစ်ခု ၏ အကြောင်းအရာများကို ရှင်းပြသည်။ ညီလာခံ၌ ကော်မတီတွင် ဆွေးနွေးသည့်အခါ သတိပြု ရန် ကိစ္စများ၊ ပြင်ဆင်ရန် ကိစ္စများကို အစည်းအဝေး တက်ေ၇ာက်လာသူများမှ ဆွေးနွေးခဲ့ကြပါသည်။ ညီလာခံ ကာလအတွင်းတွင်လည်း လိုအပ်ပါက ကော်မတီတွင် ပါဝင်ဆွေးနွေးမည့် ITUC အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးများ ပြုလုပ်ညှိနှိုင်းရန် သဘောတူကြပါသည်။
အစည်းအဝေးအစီအစဉ် အဆုံးပိုင်းတွင် ၂၆-၂၇ ဧပြီလ ၂၀၁၈ ရက်နေ့တွင် ပြုလုပ်မည့် IndustriALL ၏ အစည်းအဝေးတွင် အမျိုးသမီးကော်မတီမှ တင်ပြမည့် ကိစ္စရပ်များကို အနှစ်ချုပ်ဆွေးနွေး၍ အစည်းအဝေးကို ပြီးဆုံးခဲ့ပါသည်။
အမျိုးသမီးကော်မတီ အစည်းအဝေးကို IndustriALL ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးများ တက်ေ၇ာက်ခဲ့ပါသည်။ ယနေ့ အစည်းအဝေးသို့ တက်ရောက်သူ ၁၄၀ ခန့် ရှိပါသည်။
IndustriALL သည် နိုင်ငံပေါင်း ၁၄၀ ကျော်မှ အလုပ်သမားအဖွဲ့ဝင်ပေါင်း သန်း ၅၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် IWFM သည် IndustrALL ၏ အဖွဲ့ဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် လျှောက်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *