All for Joomla All for Webmasters
ITUC-AP Regional Pre-ILC Meeting
သမဂ္ဂအခြေခံသဘောတရားနှင့်အလုပ်သမားဥပဒေသင်တန်း
April 5, 2018
စည်းရုံးရေးသင်တန်း
April 5, 2018

ITUC-AP Regional Pre-ILC Meeting

ITUC-AP Regional Pre-ILC Meeting (26-27 Mar 2018)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အာရှ ပစိဖိတ် ဒေသ ILO ညီလာခံ အကြို အစည်းအဝေး

ပထမနေ့ နံနက်ပိုင်း အစည်းအဝေးချိန်တွင် ITUC AP မှ အဓိက ဦးစားပေး လုပ်ဆောင်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အဓိက ဦးစားပေးလုပ်ငန်းမှာ အလုပ်သမားများ၏ စွမ်းအား တည်ဆောက်ခြင်း Building Union Power!

ချမှတ်ထားသော မဟာဗျူဟာ ရည်မှန်းချက်မှာ ၁) သမဂ္ဂ အင်အား ဖွံ့ဖြိုးကြီးထွားစေခြင်း၊ ၂) လူမှုရေး အကာအကွယ်၇ှိခြင်း၊ ခိုင်မာသည့် ၀င်ငွေရှိစေခြင်း၊ ခိုင်မာသည့်အလုပ်အကိုင်ရှိစေခြင်း၊ ၃) အလုပ်သမားအခွင့်အေ၇းများ အပြည့်အ၀ရရှိစေခြင်း။

ITUC အနေဖြင့် ရှေ့တန်းတင်ဆောင်ရွက်နေသည့် လုပ်ငန်းများ – ၁) ကျွန်ပြု ခိုင်းစေခြင်း ပပျောက်ရေး။ ၂) ကုန်စည်စီးဆင်းမှုအဆင့်ဆင့်တွင် မာတီနေရှင်နယ် အပြည်ပြည်ဆိုင်ရာ ရင်းနှိးမြှပ်နှံမှု ကုမ္ပဏီများအား ရင်ဆိုင်ခြင်း ၃) လုံခြုံသည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ဖြစ်စေရေးအတွက် ကမ္ဘာလုံးဆိုင်၇ာစီမံမှု အစီအစဉ်များတွင် ပါဝင်ခြင်း၊ ၄) အမျိုးသမီးများ ခေါင်းဆောင်မှု ကဏ္ဍနှင့် သမဂ္ဂလုပ်ငန်းဆောင်ရွက်မှု များတွင် ပါဝင်လာစေခြင်း။ Count us In! ကန်ပိန်း၊ ၅) စည်းရုံးရေး (ကမ္ဘာလုံးဆိုင်ရာ စည်းရုံးရေး အကယ်ဒမီ သင်တန်းများ)

The long list of countries to be submitted to the ILO to discuss during conference in June, 2018 was decided in the ITUC AP Regional Pre-ILC meeting (26-27 Mar 2018)
အာရှပစိဖိတ်ဒေသ မှ နိုင်ငံအလိုက် အလုပ်သမားစံနှုန်းများ ချိုးဖောက်ခံနေရမှု အခြေအနေကို ILO ညီလာခံတွင် တင်သွင်းမည့် နိုင်ငံများ စာရင်းကို ”ITUC အာရှ ပစိဖိတ် ဒေသဆိုင်ရာ ILO ညီလာခံအကြို အစည်းအဝေး” တွင် ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ စာရင်းအဖြစ် ၁၁ နိုင်ငံ တင်သွင်းမည် ဖြစ်ပြီး ဦးစားပေးနိုင်ငံအလိုက် စီစဉ်တင်သွင်းမည် ဖြစ်ပါသည်။ ထိုနိုင်ငံများထဲမှ ၄ နိုင်ငံ ။ ၅ နိုင်ငံကို ရွေးချယ်၍ ILO ညီလာခံတွင် တင်သွင်း စစ်ဆေး ဆွေးနွေးမှုကိုပြုလုပ်မည် ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ILO ၏ ညီလာခံတွင်ဆွေးနွေးမည့် အကြောင်းအရာများအား အကျဉ်းချုပ်တင်ပြဆွေးနွေးခြင်း။
(၂၆-၂၇ မတ်လ ၂၀၁၈၊ ဆိုးလ် မြို့၊ ကိုရီးယား)
ITUC AP Regional Pre-ILC meeting

၂၀၁၈ ခုနှစ် ဇွန်လတွင် ကျင်းပမည့် ILO ညီလာခံတွင် ကော်မတီများ ခွဲ၍ အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်ရာ ITUC AP ၏ ညီလာခံ အကြိုဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဥ်း၍ အကျဥ်းချုပ် ဆွေးနွေးခဲ့ကြပါသည်။
ယခုနှစ်တွင် ILO အလုပ်သမား စံနှုန်းများ ကျင့်သုံးရေး ကော်မတီ၊ ၂) ရေရှည်တည်တံ့သော ဖွံဖြိုးရေးဖြစ်စေရေးအတွက် ရည်မှန်းချက် များ၊ (၃) ကမ္ဘာ့အလုပ်အကိုင်များတွင် အမျိုးသားများနှင့် အမျိုးသမီျးားအား အကြမ်းဖက်ခြင်း၊ နှောင့်ယှက်စော်ကားခြင်း မရှိစေရေးအတွက် ILO စံနှုန်းအား ဆွေးနွေးခြင်း၊ ၄) ILO လူမှုရေး တရားမျှတမှုဆိုင်ရာ ကြေညာချက်တစ်ခုတွင်ပါဝင်သည့် လူမှုရေး ဆွေးနွေးမှုများ (Social Dialogue) နှင့် သုံးပွင့်ဆိုင် ယန္တရားကို အကောင်အထည်ဖော်ရေးအတွက် ဗျူဟာကျသည့် ရည်မှန်းချက်များ အား ဆွေးနွေးရန် ကိစ္စရပ်များအား ညီလာခံတွင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ကော်မတီများတွင် ပါဝင်ဆွေးနွေးမည့်  အလုပ်သမားကိုယ်စားလှယ်များကြား ညှိနှိုင်းမှုနိုင်ရန်၊ ကော်မတီများတွင် ထည့်သွင်းဆွေးနွေးရန် လိုအပ်သည့် အကြောင်းအရာများကို ITUC AP မှ ရှင်းလင်းတင်ပြခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *