All for Joomla All for Webmasters
IWFM consultation and analysis meeting on implementation of newly amended dispute settlement law
Prosperity သိုးမွေးစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမား(၂)ဦး အလုပ်ပြန်ခန့်ရေး
September 3, 2019
Charming Garment အ​ခြေခံအလုပ်​သမားအဖွဲ့စည်း၏ (၅) နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး
September 3, 2019

IWFM consultation and analysis meeting on implementation of newly amended dispute settlement law

IWFM consultation and analysis meeting on implementation of newly amended dispute settlement law

(End version below)
2019 June 4 ရက်နေ့တွင် အတည်ပြုခဲ့သော အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအား အကောင်အထေည်ဖော်ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ သုံးသပ်ခြင်း အစည်းအဝေး။

မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM)၊ ရန်ကုန်တိုင်းအတွင်းရှိသော အဖွဲ့ဝင်များသည် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအား မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့များမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် ဖြစ်ပေါ်နေသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။

အဓိက အရေးကြီးသည့် ကိစ္စရပ်အနေဖြင့် အလုပ်သမားများ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ နှစ်ဘက်သဘောတူ စာချုပ်များနှင့် ကိုက်ညီခြင်း မရှိဘဲ အလုပ်မှ ထုတ်ပယ်ခံနေရသော ကိစ္စများအား အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအဖြစ် သတ်မှတ်နိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ရာ ဖြစ်ပေါ်နေသည့် အခက်အခဲများအား စာရင်းပြုစု၍ မည်သို့ တုံ့ပြန်ဆောင်ရွက်ရမည်ဆိုသည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ နောက်ဆက်တွဲဆောင်ရွက်ရန် အနေဖြင့် ၀န်ကြီးဌာန၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ ရန်ကုန်တိုင်း အလုပ်သမားရေးရာ ၀န်ကြီး၊ တို့အား အသိပေး တိုင်ကြားရန်ကိစ္စများ၊ လမ်းညွှန်ချက်တောင်းခံရန် ကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးအား IWFM ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မှော်ဘီ မြို့နယ် များမှ အလုပ်သမားသမဂ္ဂအဖွဲ့အစည်း (၂၇)ဖွဲ့၊ ကိုယ်စားလှယ် (၄၀) ကျော်နှင့် ညှိနှိုင်းဖြန်ဖြေရေး အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးအား လှိုင်သာယာမြို့နယ်၊ စနေမ မှတ်တိုင်အနီးရှိ CTUM/ IWFM ရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။

IWFM consultation and evaluation meeting on implementation of the newly amended dispute settlement law

IWFM calls a member meeting in Yangon on evaluation on the implementation of the newly amended dispute settlement law. The members reported the situation on the dispute settlement process and difficulties also workers representatives of township conciliation bodies.
IWFM meeting decided how to response the difficulties and identified the issue to raised to Ministry of Labour and, Yangon Regional Chief Minister as well as Yangon regional labour minister.

IWFM members from 27 unions in Yangon from 4 townships, IWFM CEC and Township conciliation body workers’ representatives, in total – over 40 persons attended. The meeting was held in CTUM/IWFM office in Hlaing Thar Yar Industrial Zone.

Leave a Reply

Your email address will not be published. Required fields are marked *