All for Joomla All for Webmasters
KLWCသည် CTUMသို့ ကွန်ပျူတာလက်တော့ (၁၀)လုံးလှူဒါန်းခြင်း
Myanmar strengthens efforts to protect seafarers’ rights
February 6, 2018
Update situation of dismissal case at Solamoda Factory
February 17, 2018

KLWCသည် CTUMသို့ ကွန်ပျူတာလက်တော့ (၁၀)လုံးလှူဒါန်းခြင်း

KLWCသည် CTUMသို့ ကွန်ပျူတာလက်တော့ (၁၀)လုံးလှူဒါန်းခြင်း
( 2018 Feb 8 at CTUM Solidarity Hall in East Dagon Township )

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM၊ Korea Labor Welfare Center(KLWC) နှင့် အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် UNI၏ အဖွဲ့ဝင်တခုဖြစ်သော ကိုရီးယားနိုင်ငံ ငွေကြေး၊ ဘဏ်လုပ်ငန်းဆိုင်ရာအလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုနောက် Mr.Hwang Won-Rae , President of Korea Labor Welfare Center မှ ယခုမြန်မာနိုင်ငံကို လာရောက်ကာ CTUMနှင့်တွေ့ဆုံမှုသည် (၃)ကြိမ်မြောက် ဖြစ်ကြောင်း၊ CTUM အဖွဲ့ဝင်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တခုဖြစ်သော နည်းပညာများကို ပြန့်ပွားစေရေးအတွက် ကွန်ပျူတာ လက်တော့ (၁၀)လုံးအား CTUMကို လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ CTUM တိုးတက်အောင်မြင်မှုများ တနှစ်ထက် တနှစ် တိုးတတ်လာခြင်းအပေါ် ဂုဏ်ယူမိကြောင်းနှင့် နောင်နှစ်များမှာလဲ ဆက်လက်လှူဒါန်းရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CTUMရှိ လုပ်ငန်းကဏ္ဍများ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များအခြေအနေများကို CTUM ဥက္ကဌ ဦးမောင်မောင် ပြောကြားခဲ့ပါသည်။ ထိုနောက် ရရှိလာသော ကွန်ပျူတာများကို မိမိအဖွဲ့ဝင်အား သမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအတွက် ILO၊ FESတို့နှင့် ပူးပေါင်းကာ Onlineမှတဆင့် အလုပ်သမားသမဂ္ဂအခြေခံများ၊ အလုပ်သမားစံချိန်စံညွန်းများနှင့် စုပေါင်းတောင်းဆိုညှိနိုင်းမှုများကို Online Training ပြုလုပ်သွားရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *