All for Joomla All for Webmasters
Update situation of dismissal case at Solamoda Factory
KLWCသည် CTUMသို့ ကွန်ပျူတာလက်တော့ (၁၀)လုံးလှူဒါန်းခြင်း
February 8, 2018
အနည်းဆုံးအခကြေးငွေ ဆွေးနွေးပွဲ
February 17, 2018

Update situation of dismissal case at Solamoda Factory

Update situation of dismissal case at Solamoda Factory
CTUM met with Myanmar Solamoda Garment Factory top management from China and Brand representatives from Vietnam to reinstate the seven dismissed union leaders and to form workplace coordination committee with union representatives on 19th Dec, 2017.

Factory still have not reinstated the workers yet. CTUM kept asking cooperation the Brand. On 6th of Feb, 2018, The president of Solamoda group came and met with CTUM leaders. Firstly the president mentioned they can not reinstate, and they paid for the penalty according to the law, asked CTUM not to push the case any more. CTUM explained paying penalty is evidence of violation of law. Still workers have right to be reinstated. Asking to reinstate is not only for the Solamoda workers but also for Industrial peace. -explained there will be many similar violation, and will have more and more Labour management disputes which can ruin the Industrial peace.
Finally, the president asked to give 10 more days to decide. CTUM agreed. CTUM will post update when we received the answer from the factory.

Solamoda အထည်ချုပ်စက်ရုံမှ ဥပဒေနှင့် မညီညွှတ်ဘဲ အလုပ်မှ အဖြုတ်ခံထား၇သော အလုပ်သမားခေါင်းဆောင် (၇) အား အလုပ်ပြန်လည် ခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်မှု အခြေအနေ (၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်)

Solamoda အထည်ချုပ်စက်ရုံမှ ဥပဒေနှင့် မညီညွှတ်ဘဲ အလုပ်မှ အဖြုတ်ခံထား၇သော အလုပ်သမားခေါင်းဆောင် (၇) အား အလုပ်ပြန်လည် ခန့်ထားရန် အတွက် ခုံသမာဓိကောင်စီမှ ဆုံးဖြတ်ချက်ကို မလိုက်နာသည့်အတွက် စက်ရုံသို့ ပစ္စည်းအပ်သူများအား ဆက်သွယ်၍ ၄င်းတို့ ပစ္စည်းအပ်သော စက်ရုံမှ နိုင်ငံဥပဒေများကို လိုက်နာစေရန်၊ အလုပ်သမားများကို အလုပ်ပြန်ခန့်စေရန် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် ၂၀၁၇ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် Solamoda group ရဲ့ မန်နေဂျာ၊ (တရုတ်နိုင်ငံ) နှင့် Brand တို့နှင့်အတူ ညှိနှိုင်းခဲ့ပါသည်။ အလုပ်ပြန်ခန့်ရန် သဘောတူညီမှု မရှိခဲ့ပါ။ ထို့ကြောင့် Brand အား ဆက်လက်တောင်းဆိုခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် Solamoda Group ၏ ဥက္ကဌ ဖြစ်သူသည် CTUM ကိုယ်စားလှယ်များနှင့် လာရောက်ဆွေးနွေးခဲ့ပါသည်။ ၄င်းတို့အနေဖြင့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာသည့်အတွက် ဒဏ်ငွေများလည်း ပေးဆောင်ပြီးကြောင်း၊ ဥပဒေလိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ CTUM အနေဖြင့် တိုင်ကြားမှုများကို ဆက်လက် မလုပ်ဆောင်ရန် ပြောပါသည်။

ဒဏ်ငွေပေးဆောင်ခြင်းသည် ဥပဒေမလိုက်နာသည့်အတွက် ပြစ်ဒဏ်ခံရသည့်အတွက် ဥပဒေမလိုက်နာကြောင်း အထောက်အထားဖြစ်သည်။ အလုပ်သမားများသည် အလုပ်ပြန်လည် ရပိုင်ခွင့် နှင့် အလုပ်ပြန်လည် ခန့်ထား သည့် ကာလအထိ လုပ်ခလစာကို ရရှိရန် အခွင့်အရေးရှိသေးကြောင်း၊ CTUM အနေဖြင့် စက်ရုံအား ဥပဒေလိုက်နာစေလိုကြောင်း၊ ထိုသို့ လိုက်နာစေခြင်းသည် Solamoda စက်ရုံအလုပ်သမားများအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံ လုပ်ငန်းကဏ္ဍအသီးသီးနှင့် စက်မှုလုပ်ငန်းခွင်ဆက်ဆံရေး တည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြစ်ကြောင်း၊ စက်ရုံတစ်ရုံအား ချိုးဖောက်ခွင့်ပေးလိုက်ပါက အခြားသော စက်ရုံများမှလည်း ထိုနည်းတူ ဥပဒေချိုးဖောက်မှုများ ဆက်လက်ဆောင်ရွက်လာမည်ဖြစ်ပြီး အလုပ်ရှင် အလုပ်သမားပြသနာများ ပိုမို များပြားလာမည့်အရေးကို ကာကွယ်လိုသည့်အတွက် ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

နောက်ဆုံးတွင် အလုပ်ရှင်မှ ၄င်းအား အချိန် (၁၀) ရက် ထပ်မံပေးပါရန် တောင်းဆိုသဖြင့် သဘောတူခဲ့ပါသည်။ (၁၀) ရက်နောက်ပိုင်းတွင် အဖြေ သိရပါက အများသို့ ထပ်မံ တင်ပြပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *