All for Joomla All for Webmasters
Ministry of Labour officials had meeting with worker delegates on Minimum Wage
Presentation on process of setting up recommended minimum wage by CTUM
November 6, 2017
စစ်တောင်းစက္ကူ စက်ရုံ အလုပ်သမားများကြုံနေရသော အခက်အခဲပြသာနာရပ်များကို ဆွေးနွေးခြင်း
November 6, 2017

Ministry of Labour officials had meeting with worker delegates on Minimum Wage

Ministry of Labour officials had meeting with worker delegates on Minimum Wage

အဆိုပြု အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေး အလုပ်သမားကိုယ်စားလှယ်များ နှင့် အလုပ်သမားအလုပ်အကိုင်လူဝင်မူကြီးကြပ်ရေးအလုပ်သမားဝန်ကြီးဌာနတွေ့ဆုံ

နိုဝင်ဘာလ ၄ရက်ရန်ကုန်
မြောက်ဒဂုံ ပင်လုံခန်းမ

CTUM. AFFM. MICS. AFFM (IUF) စသည့်အဖွဲ့စည်းများမှ မြို့နယ် အဆင့် တိုင်းအဆင့် အဖွဲ့ချူပ်အဆင့်
ကိုယ်စားလှယ် ၃၅ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်
အလုပ်သမား ဝန်ကြီးဌာန မှအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်
အလုပ်သမားညွန်ကြားရေးမှူးချူပ် ဦးဝင်းရှိန်၊ အလုပ်ရုံနှင့်ဥပဒေစစ်ဆေးညွန်ကြားရေးမှူးချူပ် ဦးညွန့်ဝင်း
ဌာနဆိုင်ရာလူကြီးများတက်ရောက်ခဲ့ကြသည်

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ
မှ စီးပွားရေးသုတေသီပညာရှင်များတက်ရောက်ခဲ့သည်။

အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အနည်းဆုံး အခကြေးငွေ အဆိုပြု နှုန်းထားအပေါ် အလုပ်သမားများ၏ အသံ၊ တင်ပြချက်များကို နားထောင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အနေဖြင့် အနည်းဆုံးခကြေးငွေဆိုင်ရာ အဆိုပြုနှုန်းထား တင်သွင်းနိုင်ရန် အဆိုနှုန်းထားတင်ပြနိုင်ရန်အတွက် အလုပ်သမားများ၏ တစ်နေ့တာ နေထိုင်စားသောက်မှု ကုန်ကျစရိတ်ကို စစ်တမ်းများကောက်ခဲ့ကြောင်း၊ ILO ကျွမ်းကျင်ပညာရှင်များနှင့် သင်တန်းပြုလုပ်ခဲ့ပြီး CTUM ၏ မူဝါဒရေးရာ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် နှုန်းထားသည် ၆၆၀၀ ကျပ်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

ထို့ပြင် အလုပ်ရှင်အချို့ထံမှ အနည်းဆုံးအခကြေးကို မြင့်မားစွာ တိုးမြှင့်ပေးရန် ခက်ခဲသည်ဆိုသည့် တင်ပြချက်များတွင် အလုပ်ရှင်များမှ ပေးထားသော အကြောင်းပြချက်အချို့အား ပြန်လည်ရှင်းလင်းတင်ပြခြင်း နှင့် အခက်အခဲပြဿနာများအား အဖြေရှာရန် လိုအပ်ကြောင်း တို့ကို ဆွေးနွေးခဲ့ပါသည်။

ထို့ပြင်အလုပ်ရှင်များ ဘက်မှလည်း ပွင့်လင်းမြင်သာစွာဖြင့် ၄င်းတို့၏ အခက်အခဲများကို ချပြ ဆွေးနွေးကြရန် တိုက်တွန်းခဲ့ပါသည်။

MICS နှင့် AFFM-IUF တို့မှလည်း ၄င်းတို့ အဖွဲ့ချုပ်များ၏ မူဝါဒ အနေဖြင့် ၅၆၀၀ ကျပ် ကို အဆိုပြု တင်သွင်းခဲ့ကြပြီး အလုပ်ရှင်နှင့် အစိုးရ မှ ဆောင်ရွက်ပေးစေလိုသည့် အချက်များကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် အလုပ်သမားများ၏ လက်ရှိ ဖြစ်ပေါ်ကြုံတွေ့နေရသည့် စားသောက် နေထိုင်မှုဆိုင်ရာ အခက်အခဲများကိုလည်း အလုပ်သမားကိုယ်စားလှယ်များမှ တင်ပြခဲ့ကြပါသည်။

အမျိုးသားကော်မတီ၏ ကျွမ်းကျင်သူ ပညာရှင်များမှလည်း အလုပ်သမားများ၏ တင်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။

အလုပ်ရှင်အလုပ်သမားမျှမျှတတဖြစ်စေရန်နှင့် အပြုသဘောနဲ့တင်ပြကြပါသည့်အတွက် ၀မ်းသာပါကြောင်းကိုလည်း အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင် နှင့် တာဝန်ရှိသူများမှလည်း မှပြောကြားခဲ့ပါသည်။

နေလည် ၂နာရီခန့်တွင် (UMFCCI)ရုံးတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားမည်ဟု သိရှိရပြီး၊ အားလုံး ပါဝင်သည့် Forum တစ်ခုကို ကျင်းပကာ အဆိုပြု နှုန်းထားတစ်ရပ်ကို သတ်မှတ်ကြေညာရန် ရှိသည့်အကြောင်းကိုလည်း ၀န်ကြီးဌာန တာဝန်ရှိသူများမှ ပြောကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *