All for Joomla All for Webmasters
Presentation on process of setting up recommended minimum wage by CTUM
3rd meeting on the program of Empowerment of Women Workers in Garment
November 6, 2017
Ministry of Labour officials had meeting with worker delegates on Minimum Wage
November 6, 2017

Presentation on process of setting up recommended minimum wage by CTUM

Presentation on process of setting up recommended minimum wage by CTUM

ယနေ့ ပြုလုပ်သော အဆိုပြု အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေး အလုပ်သမားကိုယ်စားလှယ်များ နှင့် အလုပ်သမားအလုပ်အကိုင်လူဝင်မူကြီးကြပ်ရေးအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အား ကိုယ်စားပြု၍ တင်ပြချက် ဗွီဒီယိုဖိုင် တစ်စိတ်တစ်ပိုင်းကို တင်ပြလိုက်ပါသည်။ ဗွီဒီယိုရိုက်ပေးထားတဲ့ ကိုမျိုးဇော်ကို ကျေးဇူးတင်ပါတယ်။ သူ့ခဗျာ လက်ညောင်းလို့ အပြီးထိအောင် မရိုက်ထားနိုင်ခဲ့ဘူး။ ဗွီဒီယိုမှာ ပါတာတွေအပြင် ငွေကြေးလဲလှယ်မှု နှုန်းထားတွေ ကြောင့် အလုပ်သမားလုပ်ခလစာ အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိခဲ့လဲ ဆိုတာကိုလဲ တင်ပြခဲ့ပါတယ်။

အလုပ်သမားများ လုပ်ခလစာ မလောက်ငမှု ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် အလုပ်သမား၏ ပြဿနာမျှ သာ မဟုတ်ဘဲ၊ အလုပ်ရှင်နှင့် နိုင်ငံတော်၏ အခက်အခဲ ပြဿနာ လည်း ဖြစ်ကြောင်းကို တင်ပြခဲ့ပါသည်။

——————————

အဆိုပြု အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေး အလုပ်သမားကိုယ်စားလှယ်များ နှင့် အလုပ်သမားအလုပ်အကိုင်လူဝင်မူကြီးကြပ်ရေးအလုပ်သမားဝန်ကြီးဌာနတွေ့ဆုံ

နိုဝင်ဘာလ ၄ရက်ရန်ကုန်

မြောက်ဒဂုံ ပင်လုံခန်းမတွင် တွင်ဆွေးနွေးပွဲပြုလုပ်ကြခြင်းဖြစ်သည်
အလုပ်သမားကိုယ်စားလှယ်များတက်ရောက်ခဲ့သည်
CTUM. AFFM. MICS. AFFM (ius)
စသည့်အဖွဲ့စည်းများမှ မြို့နယ် အဆင့် တိုင်းအဆင့် အဖွဲ့ချူပ်အဆင့်
ကိုယ်စားလှယ် ၃၅ ဦးခန့်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်
အလုပ်သမား ဝန်ကြီးဌာန မှ
အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်
အလုပ်သမားညွန်ကြားရေးမှူးချူပ် ဦးဝင်းရှိန်
အလုပ်ရုံနှင့်ဥပဒေစစ်ဆေးညွန်ကြားရေးမှူးချူပ် ဦးညွန့်ဝင်း
ဌာနဆိုင်ရာလူကြီးများတက်ရောက်ခဲ့ကြသည်
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီ
မှ စီးပွားရေးသုတေသီပညာရှင်များတက်ရောက်ခဲ့သည်
အခြေ ခံအလုပ်သမားတွေလိုအပ်ချက်ကိုအလုပ်ရှင်တွေအနေနဲ့ရိုးရိုးသားသားလက်ခံဖိုလိုတယ်အလုပ်ရှင်တွေဖြစ်နေတဲ့အခက်ခဲကိုပွင့်ပွင့်လင်းလင်းချပြဖို့လိုတယ်ဘာကြောင်မပေးနိုင်ဘူးလဲဆိုတာမျိုးတွေကို
အကြောင်းပြချက်မခိုင်လုံပဲရူံးနေပါတယ်ဆိုတာဟာကောင်းမွန်တဲ့အဖြေထွက်လာမှာမဟုတ်ဖူးလို့ CTUM ကိုရဲဝင်းထွန်း မှပြောကြားခဲ့ပါတယ်
ဆက်လက်၍ ကျတော်တို့ CTUM အနေနဲ့တောင်းဆိုမူဟာစိတ်ခံစားမူကြောင့်တောင်းဆိုခြင်းမျိုးမဟုတ်ပဲအလုပ်သမားတွေအမှန်တကယ်ကုန်ကျသည့် စရိတ်များကိုစနစ်တကျစစ်တမ်းကောက်ပြီးအဆိုပြုခြင်းဖြစ်ဟုပြောကြားခဲ့သည် CTUM အနေဖြင့် အလုပ်သမားတစ်ဦး တစ်နေ့တာကုန်ကျစရိတ်မှာ ၆၆၀၀ ကျပ်ဖြစ်ကြောင်းအဆိုပြုထားသည်
အလုပ်သမားအသံ အလုပ်ရှင်အသံတွေနားထောင်ပြီး ပြည်ထောင်စုဝန်ကြီးကိုတင်ပြမှာဖြစ်ပါတယ် အလုပ်ရှင်အလုပ်သမားမျှမျှတတဖြစ်ရမယ် အပြုသဘောနဲ့တင်ပြကြပါလို့ အဖွင့်အမှာစကားတွင် အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင် မှပြောကြားခဲ့ပါတယ်
အလုပ်သမား အဖွဲ့ချူပ်အသီးသီးမှ မိမိတို့ချမှထားသော နူန်းထားများ
တင်ပြဆွေးနွေးကြသည်

မျိုးဇော်

Leave a Reply

Your email address will not be published. Required fields are marked *