All for Joomla All for Webmasters
National Minimum Wage committee consultation meeting
မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် ဒုတိယအကြိမ်အထွေထွေညီလာခံ
March 10, 2020
Stay Home Leave (အိမ်မှာနေထိုင်ခွင့် ခွင့်ရက်) အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှု အမြန်ဆုံးကျင်းပပြုလုပ်ပေးပါရန် တောင်းဆိုခြင်း။
March 13, 2020


National Minimum Wage committee consultation meeting (11-3-2020)
၂၀၂၀ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၁) အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန ၌ အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ ဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် ကော်မတီအဖွဲ့၀င်များ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အနည်းဆုံးအခကြေးငွေ ကော်မတီ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးအား အနည်းဆုံးအခကြေးငွေ အမျိုးသားအဆင့် ကော်မတီ ဥက္ကဌ ပြည်ထောင်စု၀န်ကြီး ဦးသိန်းဆွေမှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် အမျိုးသားအဆင့် ကော်မတီ၀င်များမှ သဘောထားများကို တင်ပြခဲ့ကြပြီး တိုင်းနှင့်ပြည်နယ် ကော်မတီ အဖွဲ့၀င် ကိုယ်စားလှယ်များမှ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးတင်ပြခဲ့ကြပါသည်။ တင်ပြရာတွင် သုတေသန ပြုလုပ်နေသည့် အခြေအနေများ၊ အစည်းအဝေး ရလာဒ်များ၊ အတည်ပြုပြဌာန်းသင့်သည့် နှုန်းထားများကို တင်ပြဆွေးနွေးခဲ့ပါသည်။

၁။ အချို့သော တိုင်းနှင့် ပြည်နယ်များမှ ဆောင်ရွက်ရန် လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်၍ ဧပြီလတွင် တိုင်းနှင့်ပြည်နယ် အားလုံးမှ ဖြစ်သင့်သည့် အဆိုပြု အနည်းဆုံးအခကြေးငွေ နှုန်းထားကို တင်ပြကြရန်။
၂။ ၂၀၂၀ ခုနှစ် မေလတွင် အဆိုပြုနှုန်းထားတစ်ရပ် ဆုံးဖြတ်သွားရန်နှင့် ဥပဒေပါအတိုင်း ဆက်လက် ဆောင်ရွက်ရန်။ သဘောတူညီခဲ့ကြပါသည်။

အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမားကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါ်ခိုင်ဇာအောင်နှင့် ဗဟိုကော်မတီ၀င် ဦး၀င်းဇော်တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *