All for Joomla All for Webmasters
Stay Home Leave (အိမ်မှာနေထိုင်ခွင့် ခွင့်ရက်) အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှု အမြန်ဆုံးကျင်းပပြုလုပ်ပေးပါရန် တောင်းဆိုခြင်း။
National Minimum Wage committee consultation meeting
March 11, 2020
ကိုရိုနာ- ပန်ဒီးမစ် ( CORONA- PANDEMIC)
March 19, 2020

Stay Home Leave (အိမ်မှာနေထိုင်ခွင့် ခွင့်ရက်) အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှု အမြန်ဆုံးကျင်းပပြုလုပ်ပေးပါရန် တောင်းဆိုခြင်း။

CTUM requests the Minister ( Ministry of Labour, Immigration and Population) to call tripartite meeting to discuss for how to support workers for stay home leave.
လျှင်မြန်စွာ ကူးစက်နိုင်သည့် ကိုရိုနာ ဗိုင်းရပ် မကူးစက်စေရန်အတွက် ကြိုတင်ပြင်ဆင်မှုများအား နိုင်ငံတော်မှ ဆောင်ရွက်နေပါသည်။ အချို့သော လုပ်ငန်းများအား ပိတ်သိမ်းရန် ညွှန်ကြားချက်များလည်း ထုတ်နေပြီဖြစ်ပါသည်။ စက်ရုံအလုပ်ရုံမှ အလုပ်သမားများ မပါဝင်သေးပါ။ ပါဝင်လာစေရန် နှင့် ပါဝင်လာပါက အလုပ်သမားများအား မည်သို့ ပံ့ပိုးမည်ကို ဆွေးနွေးရန် လိုအပ်နေသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ ပြည်ထောင်စုဝန်ကြီး (အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန) သို့ အစည်းအဝေး ခေါ်ယူပေးရန် စာရေးသား ပေးပို့ထားပါကြောင်း အများပြည်သူသို့ သိစေရန် တင်ပြအပ်ပါသည်။
——————-
သို့
ဦးသိန်းဆွေ
ပြည်ထောင်စုဝန်ကြီး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
နေပြည်တော်။

အကြောင်းအရာ။ ။ Stay Home Leave (အိမ်မှာနေထိုင်ခွင့် ခွင့်ရက်) အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှု အမြန်ဆုံးကျင်းပပြုလုပ်ပေးပါရန် တောင်းဆိုခြင်း။

လေးစားရပါသော ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ခင်ဗျား

အထက်ပါအကြောင်းအရာကိစ္စရပ်နှင့်ပါတ်သက်၍ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ရုံးအမှတ် (၅၁)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုတွင် Stay Home Leave (အိမ်မှာ နေထိုင်ခွင့် ခွင့်ရက်) နှင့်ပါတ်သက်၍ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ပြန်လည်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းကို ပြည်ထောင်စုဝန်ကြီးအနေဖြင့် ပြောကြားခဲ့ပါသည်။

ယခုအခါတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease – Covid-19 သည် လျှင်မြန်စွာ ကူးစက်နိုင်သည့် ရောဂါဖြစ်သဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ပြည်သူလူထုသို့ ပန်ကြားချက်တွင် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောင်လုပ်ပြီး ကျင်းပခြင်း အပါအ၀င်) မပြုလုပ်ကြရန် ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ ရပ်ဆိုင်းထားရန်နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့် သတ်မှတ်သွားမည်ဖြစ်ပါသည်။

နောက်ဆက်တွဲအနေဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ရုပ်ရှင်ရုံ များတွင် ရုပ်ရှင်ပြသခြင်းအား မတ်လ (၁၆) ရက်နေ့မှစတင်၍ ရပ်ဆိုင်းထားရန် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ ပါသည်။

ထို့ပြင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာဦးစီးဌာနမှ အခြေခံကျောင်းများ (လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းများ အပါအ၀င်)၊ ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ် သင်ကိုယ်သင်တန်းများသည် နွေရာသီရက်တို/ ရှည် သင်တန်း

များ၊ ဟောပြောဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်ခြင်းမပြုရန်နှင့် ဖွင့်လှစ်ဆဲသင်တန်းများကို ပိတ်သိမ်း စေရေး အတွက် ကြပ်မက်ဆောင်ရွက်ရန် ညွန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင်သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအနေဖြင့်လည်း ၄င်းတို့၏ ဒေသအတွင်း KTV ဆိုင်များ၊ အခြားသော ဖျော်ဖြေရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် ညွှန်ကြားချက်များထွက်ရှိထားပါသည်။
ဖျော်ဖြေရေးလုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် အလုပ်သမားများအတွက် Stay Home Leave ကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးထားသည်ကို မိမိတို့အနေဖြင့် မသိရှိရပါ။ ကချင်ပြည်နယ်အတွင်း ရုပ်ရှင်ရုံ ၀န်ထမ်းများအတွက်ကိုမူ ရုံပိုင် ဦးဆန်းတောက်အနေဖြင့် အခြေခံလစာနှင့် ဆန်ထောက်ပံ့ပေးထားသည်ဟု သတင်းမီဒီယာများမှတဆင့် ကြားသိရပါသည်။ သို့သော် အခြားသော အလုပ်သမားများအတွက် မည်ကဲ့သို့ စီစဉ် ဆောင်ရွက်ထားသည်ကိုမူ မိမိတို့အနေဖြင့် မသိရှိရပါ။

ထိုသတင်းများနှင့်အတူ စက်ရုံ/အလုပ်ရုံလုပ်ငန်းများတွင် အလုပ်သမားအပြား အလုပ်လုပ်ကိုင်နေကြဆဲ ဖြစ်ပါသည်။ ယင်းအလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့် ပါတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လျှက်ရှိ ပါသည်။ အစိုးရမှ လိုအပ်ချက်ကြောင့် စက်ရုံ/အလုပ်ရုံများ ရပ်ဆိုင်းထားရန် ဆိုသည့် ဖြစ်ပေါ်လာမည့် အခြေ အနေများကို တွက်ဆ၍လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပါသည်။ စက်ရုံ/အလုပ်ရုံများအတွင်း သံသယလူနာ တွေ့ရှိခဲ့ပါကလည်း ရောဂါ ကူးစက်မည်ကို စိုးရိမ်ပူပန်နေသည့် အလုပ်သမားများလည်း ရှိကြပါသည်။

ထို့ကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို သုံးသပ်နိုင်ရန်လည်းကောင်း၊ Stay Home Leave (အိမ်မှာ နေထိုင်ခွင့် ခွင့်ရက်) ကိစ္စကို ကြိုတင်ပြင်ဆင်ထားရန် အတွက်လည်းကောင်း သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံးခေါ်ယူပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

မောင်မောင်
ဥက္ကဋ္ဌ

Leave a Reply

Your email address will not be published. Required fields are marked *