လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်မာရေးဆိုင်ရာဥပဒေ သက်ဝင်အကောင်ထည်ဖော်ရန်နှင့် နည်းဥပဒေအမြန်ထွက်ရှိလာစေရန် ဆွေးနွေးပွဲအား
၂ရက်တာ နေပြည်တော်တွင်ပြုလုပ်ပါသည်။
၎င်းဆွေးနွေးပွဲအား ရန်ကုန် ILO ၊အလုပ်သမားဥပဒေနှင့်အလုပ်ရုံစစ်ဆေးရေးဦးစီးဌာန(FGLLID)တို့မှဦးစီးကျင်းပပါသည်။တက်ရောက်သော ပြည်ပအဖွဲ့အစည်းများမှာ ILO ဂျပန်၊ စင်္ကာပူ၊ဖစ်လပိုင်၊ဗီယမ်နမ် နိုင်ငံများမှအလုပ်သမားဝန်ကြီးဌာနကိုယ်စားလှယ်များ ပြည်တွင်း ကျန်းမာရေး၊ဆောက်လုပ်ရေး၊စိုက်ပျိုးရေး၊လျှပ်စစ်၊စက်မှု ၀န်ကြီးဌာနမှကိုယ်စားလှယ်များ၊
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်၊အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊အင်ဂနှင့်ပါတ်သက်၍လု
H&Mမှကိုယ်စားလှယ်များ၊ CTUM၊MICS၊AFFM-IUFမှ အလုပ်သမားကိုယ်စားလှယ်များတက်ရောက်ကြပါသည်။
ဆွေးနွေးချက်များမှာ
မိမိတို့ဌာန၊ကဏ္ဍတွေမှာ OSH နှင့်ပါတ်သက်၍လုပ်ဆောင်နေမှု့များ စိန်ခေါ်မှု့များ မူဝါဒများအားဆွေးနွေးကြပါသည်။ပူးပေါင်းလုပ်ဆောင်ကြမည့်ဟုလည်း တက်ရောက်လာသောဝန်ကြီးဌာနအသီးသီး ကိုယ်စားလှယ်များမှပြောကြားကြပါသည်။
New OSH Lawအား အဓိကအကောင်ထည်ဖော်ဆောင်ရွက်မည့် အလုပ်သမားဥပဒေနှင့်အလုပ်ရုံစီစစ်ရေးဦးစီးဌာနမှ ထိုဥပဒေသည် လွန်စွာကျယ်ပြန့်နေကြောင်းနှင့်မိမိတို့တွင် ၀န်ထမ်းအင်အားနည်းပါးခြင်း၊ပညာရှင်များမရှိခြင်း စိန်ခေါ်မှုများစွာကိုသာပြောကြားခဲ့သည့်အပြင် ဥပဒေအား အကောင်အထည်ဖော်ရန် အချိန်များစွာယူရန်လိုသည့်အကြောင်းနှင့်ဆန္ဒမစောကြရန် အကြိမ်ကြိမ် ပြောကြား၍
ဆွေးနွေးပွဲအားအဆုံးသတ်ခဲ့ရပါသည်။
ILOမှတာဝန်ရှိသူများကတော့ ယခုဆွေးနွေးပွဲဟာ အစသာရှိသေးကြောင်း နောင်တွင်ပိုမိုကောင်းမွန်သောရလဒ်များထွက်ရှိရန် ၀ိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
<iframe src=”https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fftub.burma%2Fposts%2F1092589540952147&width=500″ width=”500″ height=”909″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allow=”encrypted-media”></iframe>