All for Joomla All for Webmasters
Social Dialogue Workshop
Labour Reporters and Communication Training.
December 27, 2017
CTUM met with Myanmar Solamoda Garment Factory top managemen
December 27, 2017

Social Dialogue Workshop

Social Dialogue Workshop with factory managements, Joint program of GIZ/Tchibo/CTUM/IWFM
on 9th Dec 2017.
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် Tchibo အမှတ်တံဆိပ် ချုပ်လုပ်သော စက်ရုံ (၆) ခု၏ အုပ်ချုပ်ရေး တာဝန်ရှိသူများ နှင့် ဆွေးနွေးပွဲတစ်ခုကို Green Hill ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ GIZ (မြန်မာပြည် အခြေစိုက် ဂျာမန်နိုင်ငံမှ ဖောင်ဒေးရှင်း)၊ Tchibo (ဂျာမန်နိုင်ငံမှ ကုန်အမှတ်တံဆိပ်တစ်ခု)၊ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ၏ အဖွဲ့ဝင်ဖြစ်သည့် IWFM မြန်မာ နိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် တို့မှ ပူးတွဲ ပြုလုပ်ခြင်း ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင်တွင် ထိုစက်ရုံ (၆) ခုအတွက် သင်တန်း (၂) ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ သင်တန်းများ၏ အဓိက ရည်ရွယ်ချက်မှာ ၄င်းစက်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး တည်ဆောက်ရန်နှင့် အလုပ်ရှင်အလုပ်သမား ပုံမှန်ဆွေးနွေးမှုရှိခြင်းသည် စီးပွားရေး လုပ်ငန်းအတွက် မည်သို့ အကျိုးရှိသည်ဆိုသည်ကို သိရှိနားလည်လာစေရန် ပြုလုပ်ခြင်းဖြစ်ပါသည်။

ထိုစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်သည့် အကြောင်းရင်းမှာ Tchibo နှင့် ကမ္ဘာလုံးဆိုင်ရာ သတ္တုတွင်း၊ ဓာတု၊ ကုန်ထုတ်စက်မှုနှင့် အထွေထွေအလုပ်သမားအဖွဲ့ချုပ် IndsutriALL သည် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုစာချုပ် (Global Framework Agreement-GFA) ကို ချုပ်ဆိုထားပါသည်။ ထိုစာချုပ်အရ Tchibo အမှတ်တံဆိပ်အတွက် ချုပ်လုပ်ပေးသော စက်ရုံများတွင် အလုပ်သမားစံနှုန်းများ အပြည့်အ၀ ရရှိစေရန်၊ အလုပ်သမားစံနှုန်းများ ရရှိစေရေးအာမခံချက် ရှိရန်အတွက် လုပ်ငန်းခွင်တွင် အလုပ်သမားအဖွဲ့အစည်းများပေါ်ပေါက်၍ စုပေါင်းဆွေးနွေးမှုများ ပြုလုပ်ကာ သဘောတူညီချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ရည်ရွယ် ပါသည်။

CTUM/IWFM အနေဖြင့် စီမံချက်တွင် လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်သည့် အကြောင်းရင်းမှာ IWFM သည် IndsutriALL ၏ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် IndustriALL ကို ကိုယ်စားပြု၍ စီမံချက်တွင် ပါဝင်ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် စက်ရုံ တာဝန်ရှိသူများအား GFA စာချုပ်နှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်း ဥပဒေအား ရှင်းလင်းတင်ပြခြင်းနှင့် CTUM/IWFM ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့သည်။ စက်ရုံ တာဝန်ရှိသူများအနေဖြင့်လည်း အခြေခံအလုပ်သမားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းများ မေးမြန်းခြင်း၊ အလုပ်ရှင် အလုပ်သမား ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားလိုသည့် ပုံစံများကို ဆွေးနွေးခြင်း၊ CTUM အနေဖြင့် အခြေခံအလုပ်သမားအဖွဲ့အစည်းများအား CTUM ၏ မူများအတိုင်း လက်တွေ့ ကျင့်သုံးနိုင်ရန် ပံ့ပိုးပေးစေလိုသည့် အကြောင်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *