All for Joomla All for Webmasters
Statement on to reinstation of buddhist New Year Thingyan holidays to 10 continuous days
Discussion between ILO-Japan Team and the CTUM
April 3, 2017
အလုပ္သမားမာ်း စုပေါင်းဆန္ဒထုတ်ဖော်ပွဲ
April 3, 2017


မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် (၁၀) ရက် နှစ်စဉ် တစ်ဆက်တည်းပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုခြင်း
၂၀၁၇ မတ်လ ၂၆ ရက်နေ့

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM ) နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရ အဖွဲ့မှ မဟာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက် (၁၀) ရက်မှ (၅) ရက်လျော့ချခြင်းကို ညှိနှိုင်းဆွေးနွေးခြင်းမရှိဘဲ ဆုံးဖြတ် ခဲ့သည့် အပေါ် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
CTUM နှင့် CTUM အဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရမှ အလုပ်သမားများ သို့မဟုတ် အလုပ်သမား ကိုယ်စားလှယ်များနှင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးခြင်းမရှိသည့်အတွက်များစွာ စိတ်မချမ်းမသာ ဖြစ်ကြရပါသည်။
ဤကဲ့သို့သော အလုပ်သမားများနှင့် ၄င်းတို့၏ မိသားစုများ၊ အလုပ်ရှင်များ၊ အပေါ်တိုက်ရိုက်သက်ရောက်မှု ရှိသည့် ဆုံးဖြတ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အမျိုးသားအဆင့်သုံးပွင့်ဆွေးနွေးမှုပြုလုပ်ပြီး အလုပ် ရှင် များ၊ အလုပ်သမားများ၊ သက်ဆိုင်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အကြံဥာဏ်များကိုအသုံးပြုပြီး သက်ဆိုင်သူများတာဝန်ယူသည့် ဆုံးဖြတ်ချက်များကိုချမှတ်သင့်ပါ သည်။
နှစ်ပေါင်းများစွာကတည်းက အများပြည်သူ အလုပ်ပိတ်ရက်များကို တစ်နှစ်ကြိုတင်ပြင်ဆင်ပြီးမှ ထုတ်ပြန်ပါ သည်။ အလုပ်ရှင်-အလုပ်သမားများသည် နှစ်ကုန်ပိုင်း (သို့မဟုတ်) နှစ်ဆန်းပိုင်းများတွင် ကြိုတင်ညှိနှိုင်းမှုများကို ပြု လုပ်ကြသည်။ ယခုလို သင်္ကြန်ရုံးပိတ်ရက် မတိုင်ခင် တစ်လအတွင်း အနီးကပ်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့် ကြေညာချက်ထုတ်ပြန်ခြင်းသည် ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရကဏ္ဍ ၀န်ထမ်းများကြား ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေပါသည်။
မြန်မာနိုင်ငံတ၀ှမ်းရှိ ပုဂ္ဂလိကစက်မှုလက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသောအလုပ်သမားများသည် ပြည် တွင်းရွှေ့ပြောင်းသွားလာသူများဖြစ်ကြပါသည်။ ဥပမာ – ရန်ကုန်တိုင်းအတွင်းအခြေစိုက်ပုဂ္ဂလိကစက်မှုလက်မှုလုပ်ငန်း တွင်လုပ်ကိုင်နေသော အလုပ်သမား(၅)သိန်းခန့်ရှိပြီး ၄င်းတို့သည် မြန်မာနိုင်ငံတ၀ှမ်းမှ လာရောက်ပြီး အလုပ်လုပ် ကိုင်ကြသူများဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့်ကြေညာချက် ထုတ်ပြန်လာသည့်အတွက် အလုပ်သမား များအနေဖြင့် ကားလက်မှတ်များ ကြိုတင်စီစဉ်ထားခြင်း၊ မိသားစုများ / ဆွေးမျိုးသားချင်းများနှင့် ဘုရားဖူးသွားလာ ခြင်း၊ မိမိဒေသတွင် ရှင်ပြု/ ရဟန်းခံခြင်း စသည့် အစီအစဉ်များကို ၂၀၁၇ နှစ်ဆန်းပိုင်းတွင်စီစဉ်ထားသည့် အတွက် နေ့စဉ်လုပ်ငန်းခွင်အတွင်း အမိန့်ကြေညာချက်နှင့် ပါတ်သက်ပြီးဆွေးနွေးနေရသည့်အတွက် ကုန်ထုတ်စွမ်းအားကို လည်းလျော့နည်းစေပါသည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းစက်ရုံအလုပ်ရုံ များတွင်ဆန္ဒပြမှုများပေါ်ပေါက်လာပါသည်။ ပြည်ထောင်စုအစိုးရမှ မဟာသင်္ကြန်ရုံးပိတ်ရက်လျော့ချခြင်းသည် စက်မှု လုပ်ငန်းခွင်ဆက်ဆံရေး (Industrial Relations)၊ ကုန်ထုတ်စွမ်းအားတိုးတက်ခြင်း (Productivity) တို့ကို အနှောင့် အယှက် ဖြစ်နေပါသည်။
CTUM သည်မြန်မာနိုင်ငံတ၀ှမ်းရှိ အလုပ်သမားများကိုကိုယ်စားပြု၍ မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် (၁၀) ရက်ကို တစ်ဆက်တည်းပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုအပ်ပါသည်။

CTUM calls upon the Union Government to reinstate the Buddhist New Year Thingyan holidays to 10 continuous days. (2017 March 26)

Members of the Confederation of Trade Unions Myanmar CTUM are holding this demonstration to protest against the Union Government’s decision of reducing the annual Buddhist New year Thngyan holidays from 10 days to five days without consultation.

The CTUM and its members are very disappointed that the Union Government made this reduction without consulting the workers or their representatives.

On decisions that have direct impact on the Employees/Workers and their families and the Employers, the Union Government should work though the National Tripartite Dialogue Forum so that fair inputs from Employers, Employees and the related Ministry of Labor can be received and the Union Government can conclude as a participatory decision.

For many years, the gazetted holidays are announced before the calendars for the next year come out. Then the employers and the employees / workers negotiate on their holiday plans at the end of the year or in the beginning of every year. This order coming out only one month ahead of the holidays puts into chaos both the public and private sectors. The workers of the private sector are mostly internal migrants. Ie: private sector industry employs around 500,000 workers in Yangon who are from all over Myanmar. Booked bus tickets to return to ones native village, planned group pilgrimage, entering the monkhood at one’s own village monastery which is a very important part of a young Buddhist – all planned since the beginning of 2017 are now the main topics discussed daily in the workplaces and it is disrupting the services as well as the production. Since the Union Government’s order on the reduction of the Thingyan holidays came out, there are more than one demonstration a day in the garment sector arising from this leave issue. The Union Government’s reduction of Thingyan holidays is disrupting the industrial relations and the productions even before the actual holidays.

On behalf of our members and all the workers of Myanmar, CTUM calls upon the Union Government to reinstate the Buddhist New year Thingyan holidays to 10 continuous days.

Leave a Reply

Your email address will not be published. Required fields are marked *