All for Joomla All for Webmasters
Trainers Training Module -II for CTUM future educators
Trade Union Capacity Building Training for CTUM members
April 3, 2017
Trade Union Capacity Building Training
April 3, 2017

Trainers Training Module -II for CTUM future educators

Trainers Training Module -II for CTUM future educators with the help of LO/FTF Council

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၏ အဖွဲ့ဝင်များ တိုးတက်များပြားလာသည် နှင့်အညီ အဖွဲ့ဝင်များ၏ ဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတများတိုးပွားလာရေး၊ အလုပ်သမားရေးရာကိစ္စရပ် များအား အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး၊ အလုပ်သမားသမဂ္ဂ၏ အခန်းကဏ္ဍနှင့် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အရေးပါမှု များကို ပိုမိုသိရှိနားလည်စေရန်အတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးသည် လိုအပ်ချက်တစ်ရပ်ဖြစ်လာပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် CTUM သည် CTUM ၏ သင်တန်းဆရာများအား မွေးထုတ်သည့် စီမံချက်ကို ၂၀၁၆ ခုနှစ်တွင် စတင်လုပ်ဆောင် ခဲ့ပါသည်။
CTUM ၏ အဖွဲ့ဝင်သမဂ္ဂများထဲမှ ခေါင်းဆောင်များ၊ တက်ကြွစွာ ပါဝင်လှုပ်ရှားသူများကို သင်တန်း ဆရာများ ဖြစ်လာရေးအတွက် အဆင့်ဆင့်လေ့ကျင့်သင်ကြားမှုများ ပြုလုပ်လျက်ရှိပါသည်။ လေ့ကျင့် သင်ကြားသည့် အုပ်စုမှာ (၂) စုခွဲ၍ သင်ကြားလျက်ရှိပါသည်။
ထိုသင်တန်းဆရာလောင်းများအတွက် အဆင့် (၆) ဆင့်မြောက် သင်တန်းကို ပထမအုပ်စုအတွက် ၂၀၁၇ ခုနှစ် မတ် (၂၈၊ ၂၉၊ ၃၀) ရက်နေ့များတွင် အရှေ့ဒဂုံမြို့နယ်ရှိ CTUM ၏ ရုံး တွင် ပြုလုပ်ကျင်းပလျက်ရှိပါသည်။

သင်တန်းဆရာလောင်းများအား ဥပဒေရေးရာ သင်တန်း (၂) ကြိမ်၊ စုပေါင်းညှိနှိုင်းတောင်းဆိုမှု ပြင်ဆင်မှုဆိုင်ရာ အခြေခံ သင်တန်း (၁) ကြိမ်၊ အဆင့်မြင့် (၁) ကြိမ်၊ သင်တန်းပြုလုပ်လျှင် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုသင်တန်း အခြေခံ အဆင့် (၁) ကြိမ် တို့ကို သင်ကြားလေ့လာပြီး ဖြစ်သည့်အပြင် ဆင့်ပွား သင်တန်း (၁) ကြိမ် စီ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။
ယခုထပ်မံပြုလုပ်လျှက်ရှိသော သင်တန်းပြုလုပ်လျှင် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှု သင်တန်း အဆင့် (၂) သည် သင်တန်းဆရာလောင်းများအနေဖြင့် ၄င်းတို့ ကိုယ်တိုင် သင်တန်းပေးခြင်း မှ ရရှိလာသော အတွေ့အကြုံများကို ပြန်လည် သုံးသပ်၍ ဘာသာရပ်တစ်ခုအပေါ် သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း ကို လေ့လာသင်ယူရမည် ဖြစ်ပါသည်။ ထို့နောက် မိမိတို့ကိုယ်တိုင် ဖန်တီးထားသည့် သင်ရိုးညွှန်းတမ်းအား သင်တန်းသားများအား ပြန်လည် လက်တွေ့ သင်ကြားပို့ချရမည်ဖြစ်ပါသည်။
ထိုအတွေ့အကြုံ၊ သင်ရိုးညွှန်းတမ်းတို့ကို အသုံးပြုကာ သမဂ္ဂအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်း ပို့ချပေး ရမည်မှာ သင်တန်းဆရာ လောင်းများအတွက် နောက်ဆက်တွဲ တာဝန်တစ်ရပ်ဖြစ်ပါသည်။
သင်တန်း၏ တင်းကြပ်သော စည်းကမ်းတစ်ခုမှာ သင်တန်းဆရာလောင်းများသည် သင်တန်းဆင့်ဆင့် တက်ရောက်ရာတွင် အဆင့်တစ်ခုအား တက်ရောက်ရန် ပျက်ကွက်ပါက နောက်ထပ်အဆင့်တစ်ခုအား တက်ရောက်ခွင့် မရှိတော့ပါ။
ထို့ကြောင့် သင်တန်းနောက်ဆုံးအဆင့်ထိ လေ့ကျင့်သင်ကြားမှုတွင် ပါဝင်ခဲ့သော သင်တန်းသားများ သည် မြို့နယ်အဆင့်၊ တိုင်းအဆင့်နှင့် အဖွဲ့ချုပ်အဆင့် စည်းရုံးရေးမှူးများ၊ ပညာပေး သင်တန်းဆရာများ ဖြစ်လာရန် ရည်မှန်းချက်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *