All for Joomla All for Webmasters
Trade Union Capacity Building Training for CTUM members
အလုပ္သမားမာ်း စုပေါင်းဆန္ဒထုတ်ဖော်ပွဲ
April 3, 2017
Trainers Training Module -II for CTUM future educators
April 3, 2017


Trade Union Capacity Building Training for CTUM members on 27th March, 2017 at Hotel Hazel, Mandalay.

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်CTUM ၏ အဖွဲ့ဝင်များသော စက်မှုကုန်ထုတ်ကဏ္ဍနှင့် ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းကဏ္ဍတို့မှ သမဂ္ဂ ခေါင်းဆောင်များအား အလုပ်သမားသမဂ္ဂ အတွေးအခေါ်နှင့် သမဂ္ဂအတွင်း ဆက်သွယ်ရေးဆိုင် နည်းဗျူဟာ သင်တန်းကို ၂၀၁၇ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် မန္တလေးတိုင်း ၊ မဟာအောင်မြေ မြို့နယ်ရှိ ဟိုတယ် ဟေဇယ်တွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းကို အမေရိကန်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Solidartity Center သွေးစည်းညီညွှတ်ရေး စင်တာနှင့်CTUM တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ သင်တန်းကို Solidarity Center မှ Brother Greg မှ ဦးဆောင်ဆွေးနွေးပါသည်။။ CTUM ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဒေါ်ခိုင်ဇာအောင်မှ အဖွဲ့၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပြင် ယနေ့ ပြုလုပ်ရသည် သင်တန်း၏ ရည်ရွယ်ချက်၊ နောင်တွင် ဆက်လက်လုပ်ဆောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
CTUM အဖွဲ့ဝင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် BWFM မှ ဦးမင်းမင်းလတ်၊ CTUM စည်းရုံးရေးမှူး ဦးငယ်လေးနှင့် Solidarity Center မှ ဒေါ်နှင်းပွင့်ကော်ျမောင်တို့မှ သင်တန်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီခဲ့ကြပါသည်။ သင်တန်းတွင် စုစုပေါင်း (၂၆) ပါဝင်ခဲ့ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *