All for Joomla All for Webmasters
Union Minister U Thein Swe receives Chairman of the CTUM
Press Conference organized by CTUM and MICS-TUsF On the current situation of Tripartite Mechanism
January 25, 2019
Meeting with MICS
January 27, 2019

Union Minister U Thein Swe receives Chairman of the CTUM

Union Minister U Thein Swe receives Chairman of the CTUM ( 2019 Jan 24 The Global News Light of Myanmar )
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ( 2019 Jan 24 Myanmar Alinn)

၂၀၁၉ခုနှစ်၊ ဇန်န၀ါရီလ၊ (၂၃)ရက်နေ့ နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် CTUM ခေါင်းဆောင်များနှင့်အတူ သမဂ္ဂအဖွဲ့ဝင်များ သွားရောက်တွေ့ဆုံကာ အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရေး (၂၀၁၁ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ ၂၀၁၂ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ)တွင် အားနည်းချက်များ၊ ပြုပြင်ပြောင်းလဲလိုသည့် အချက်များကို အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့ပါသည်။

ထို ဥပဒေ (၂)ရပ် ကို လွှတ်တော်မှ မကြာမီ အတည်ပြုဆွေးနွေးတော့မှာ ဖြစ်သည့်အတွက် မိမိတို့၏ အလုပ်သမားသမဂ္ဂများနှင့် မိသားစု အဖွဲ့ဝင်များ၏ အသံကို ထည့်သွင်းဆွေးနွေးလိုကြောင်း အထူး အလေးပေး ပြောကြားခဲ့ပါသည်။

၂၀၁၉ခုနှစ်၊ ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် သုံးပွင့်ဆိုင် အပြန်အလှန်ဆွေးနွေးပြောဆိုမှုဖိုရမ် ကို နေပြည်တော်တွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။

ထိုအစည်းအဝေးတွင် အလုပ်သမားသမဂ္ဂများ၏ သဘောထားများကို အတည်အလင်း ဆွေးနွေး ထုတ်ဖော်ပြောဆိုမည် ဖြစ်ပြီး ထိုနေ့ ၂၀၁၉ ဇန်န၀ါရီ (၂၅)ရက်၊ နေ့လည် (၃)နာရီတွင် နေပြည်တော် ဟိုတယ်ဇုံ ရှိ Sky Palace Hotel တွင် အလုပ်သမားသမဂ္ဂခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် (၁၀၀)ဦးခန့်တတ်ရောက်မည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *