All for Joomla All for Webmasters
Workshop on Minimum Wage for CTUM members from Mhaw Bi Township
Press Conference on the definition of worker in the Dispute Settlement Law Amendments to include workers from public sector
January 29, 2018
Harvey Factory invited CTUM to help to run the election for Worker representatives
February 6, 2018

Workshop on Minimum Wage for CTUM members from Mhaw Bi Township

Workshop on Minimum Wage for CTUM members from Mhaw Bi Township (28-1-2018)
၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၂၈) ၇က်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ ဗဟိုကော်မတီဝင်များ ဖြစ်သည့် အပြင် အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်သမားကိုယ်စားလှယ်များဖြစ်သော ဦးဝင်းဇော်နှင့် ဒေါ်ခိုင်ဇာအောင်တို့သည် အနည်းဆုံးအခကြေးငွေ ဆိုင်ရာ ဆွေးနွေးပွဲကို မှော်ဘီမြို့နယ် CTUM ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
၁) ဆွေးနွေးပွဲတွင် အနည်းဆုံးအခကြေးငွေနှင့် စပ်လျဉ်း၍ CTUM မှ ကြိုတင်ပြင်ဆင်ခဲ့မှုများ၊
၂) အနည်းဆုံးအခကြေးငွေ အမျိုးသားကော်မတီမှ ၄၈၀၀ သတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် စည်းဝေးပွဲ အခြေအနေများ၊
၃) CTUM ၏ အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထားဆိုင်ရာ မူသဘောထားများ၊
၎) အနည်းဆုံး အခကြေးငွေ အတည်ပြုနှုန်းထား သတ်မှတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊
၅) CTUM အဖွဲ့ဝင်များအနေဖြင့် မိမိတို့ လက်ရှိ ရရှိခံစားနေရသော နေ့ကြေး (daily wage) အပြင် အခြား ခံစားခွင့်များအား ဆက်လက်ရရှိနေစေရန်အတွက် အထောက်အပံ့ဖြစ်စေသော ဥပဒေများအား ဆွေးနွေးခြင်း၊
၆) အတည်ပြုနှုန်းထား သတ်မှတ်ပြီးနောက်တွင် CTUM အဖွဲ့ဝင်များအနေဖြင့် အခက်အခဲများ ကြုံတွေ့လာပါက လုပ်ငန်းခွင် သပိတ်မှောက်မှုများ မရှိစေဘဲ စနစ်တကျ ညှိနှိုင်းဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ မှော်ဘီမြို့နယ်မှ အခြေခံလုပ်သမား သမဂ္ဂ (၈) ဖွဲ့မှ ခေါင်းဆောင်များ၊ မြို့နယ်အဖွဲ့အစည်းခေါင်းဆောင်များ (၃၀) ခန့် တက်ရောက်ခဲ့ပါသည်။

မှော်ဘီမြို့နယ်တွင် ယနေ့ ပြုလုပ်သည့် အနည်းဆုံး အခကြေးငွေဆိုင်ရာ ဆွေးနွေးပွဲသည် ဒုတိယအကြိမ် ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် လှိုင်သာယာမြို့နယ်တွင်းရှိ
CTUM အဖွဲ့ဝင် သမဂ္ဂ (၃၀) ဖွဲ့နှင့် ဒဂုံမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်မှ အခြေခံအလုပ်သမားအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ (၁၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အနည်းဆုံး အတည်ပြုနှုန်းထား ကြေညာချက် မထုတ်ပြန်မှီ အပတ်စဉ် တနင်္ဂနွေနေ့များတွင် ဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့ရှိ အဖွဲ့ဝင်များနှင့်လည်း ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *