All for Joomla All for Webmasters
လှိုင်သာယာစက်မှုဇုံ၎ရှိ သစ်အပါးလွှာစက်ရုံ၏ အငြင်းပွားမှု
CTUM/IWFM CBA training for members from manufacturing sector
March 29, 2018
Asia-Pacific Women Regional Workshop on Policy and Advocacy Development on 40% Women Representation and Regional Campaigns
March 29, 2018

လှိုင်သာယာစက်မှုဇုံ၎ရှိ သစ်အပါးလွှာစက်ရုံ၏ အငြင်းပွားမှု

၂၀၁၈ခုနှစ်၊မတ်လ(၈)ရက်၊
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊
လှိုင်သာယာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

….. မနေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)သို့အကူအညီတောင်းခံခဲ့သော လှိုင်သာယာစက်မှုဇုံ၎ရှိ သစ်အပါးလွှာစက်ရုံ၏ အငြင်းပွားမှုအား လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ ညနေ၃း၃၀တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဒုဦးစီးမှူး၊စက်ရုံမှအထွေထွေမန်နေဂျာ၊နစ်နာသူအလုပ်သမား(၆၂)ဦး၏အလုပ်သမားကိုယ်စားလှယ်(၇)ဦး နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ ဦးနေလင်းကျော်သူရတို့မှ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

…..သစ်လုံးကုန်ကြမ်း ဈေးနှစ်ဆခန့် တက်သွားခြင်းကြောင့် အလုပ်သမားများအားလျှော့ချခြင်းမဟုတ်ပဲ စက်ရုံပိတ်သိမ်းခြင်းသာဖြစ်ပြီး စက်ရုံရှိ အလုပ်သမားအင်အား(၆၂)ဦးစလုံးအား အလုပ်ထုတ်နစ်နာကြေးပေးခြင်းသာဖြစ်ပါသည်။

…..စက်ရုံသည် အိန္ဒိယနိုင်ငံသားပိုင်ရှင် ဖြစ်ပြီး တခြားသစ်လုပ်ငန်းကုမ္ပဏီတစ်ခုဆီမှ ငှါးရမ်းလုပ်ကိုင်ခြင်းဖြစ်ပါသည်။ စက်ရုံမှအထွေထွေမန်နေဂျာအဆင့်ထိ အလုပ်ရပ်နားရမည်ဖြစ်ပါသည်။

…..အလုပ်ထုတ်နစ်နာကြေး အပြင်၊ အလုပ်သမားများ မခံစားခဲ့ရသော ယခင်နှစ်များ၏ လုပ်သက်ခွင့် သုံးနှစ်စာ ရက်၃၀ခံစားခွင့်ငွေကြေးကိုပါ ထည့်ပေးရန် ညှိနှိုင်း ပေးခဲ့ပါသည်။

…..အလုပ်ပိတ်သိမ်းကြောင်း နို့တစ်စာအား အလုပ်ရှင်မှ တစ်လကြိုတင်၍ နို့တစ်ပေးထားမှုကြောင့် မတ်လကုန်ထိအလုပ်လုပ်ရမည် ဖြစ်သော်လည်း လက်ကျန်ကုန်ကြမ်းများအား တပတ်အတွင်းကုန်အောင် စက်လည်ပတ်ပေးပြီး လမကုန်ခင်အထိ အလုပ်သစ်ရှာရန်အတွက်အလုပ်မဆင်းရန် ညှိနှိုင်းထားပြီး လက်ကျန်ဖြတ်နေသောအလုပ်ဆင်းရက်များအား အလုပ်ရှင်မှ တစ်ရက်၁၅၀၀ကျပ်နှုန်း ထပ်ဆောင်းပေးမည်ဟု သဘောတူညီထားပါသည်။

…..ထို့နောက်အလုပ်ရှင်မှ လစာထုတ်ရက်နှင့် အလုပ်ထုတ်နစ်နာကြေးငွေပေးချေမည့်ရက်အား ကွာခြားထားခြင်းအား လစာထုတ်သည့်နေ့တွင် တပေါင်းတည်း ပေးချေရန်သဘောတူညီခဲ့ပါသည်။

…..၎င်းသဘောတူညီမှုအား အစိုးရရှေ့မှောက်တွင် အလုပ်ရှင်၊အလုပ်သမား နှစ်ဦးသဘောတူစွာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

…..ဤသို့ဆိုလျှင် နှစ်များစွာလုပ်ကိုင်လာသော အလုပ်သမားတို့ဘဝသည် အလုပ်အကိုင် တည်ငြိမ်မှု အာမခံမရှိဘဲ နေရာသစ်၊အလုပ်သစ်တွင် အလုပ်သမားသစ်တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန် ဆက်လက်ရှာဖွေရအုံးမည် ဖြစ်ပါသည်။

…..ချိတ်ဆက်ပေးခဲ့ပါသော IWFMကဏ္ဍမှ ဒေါ်ကြည်ကြည်ထွန်း နှင့် ဦးမျိုးဇော်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဒုဦးစီးမှူးတို့အား လေးစားဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

…..အလုပ်ရှင်၊အလုပ်သမားဘဝ ထာဝရ အေးချမ်းတည်ငြိမ်သောအခြေအနေကို ရောက်ရှိဘို့ရန်အတွက် အလုပ်ရှင်၊အလုပ်သမား အကျိုးတူပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ကြပါစေ………………………………………….

ThuraNaylin(BWFM)

Leave a Reply

Your email address will not be published. Required fields are marked *