Asia-Pacific Women Regional Workshop on Policy and Advocacy Development on 40% Women Representation and Regional Campaigns (9-10 March 2018) Jakarta, Indonesia
အလုပ်သမားသမဂ္ဂ ဦးဆောင်မှု ကဏ္ဍတွင် အမျိုးသမီးများကိုယ်စားလှယ် ၄၀% ပါဝင်နိုင်ရေးအတွက် မူဝါဒရေးရာနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းများကို ဆွေးနွေးမည့် အပြည်ပြည်ဆိုင်ရာ ဓာတု၊ သတ္တုတွင်း၊ ချည်မျှင်နှင့် အထွေထွေအလုပ်သမားများ အဖွဲ့ချုပ် (IndustriALL ၏ အဖွဲ့ဝင်များ ပါဝင်သည့် အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ဆွေးနွေးပွဲ ကို ဂျကာတာ မြို့နယ် အင်ဒိုနီးရှား နိုင်ငံတွင် ပြုလုပ်လျက် ရှိပါသည်။ အစည်းအဝေးကို မတ်လ (၉၊ ၁၀) ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပါသည်။
အစည်းအဝေးသို့ မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ခန့် တက်ရောက်ကြပါသည်။
မြန်မာနိုင်ငံမှ CTUM/ IWFM ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်ပြီး IndustriALL ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဒေါ်ခိုင်ဇာအောင်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ် IWFM အမျိုးသမီးကော်မတီဝင်ဒေါ်စိမ်းမို့မို့လှိုင်၊ နှင့် မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားအဖွဲ့ချုပ် MWFM မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်အိအိခင် တို့ တက်ရောက်လျက် ရှိပါသည်။
IndustriALL ၏ ဖွဲ့စည်းပုံ စည်းမျဉ်းပါ အမျိုးသမီး ပါဝင်မှုနှင့် သက်ဆိုင်သည့် ပုဒ်မများအား ရှင်းလင်းတင်ပြခြင်း၊ IndustriALL ၏ ခေါင်းဆောင်မှုတွင် အမျိုးသမီး ၄၀ % ပါဝင်ရေးအတွက် ၂၀၁၄ ခုနှစ် မှ စ၍ ၂၀၁၇ အထိ ဆောင်ရွက်ခဲ့မှုများကို စိန်ခေါ်မှုများ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခြင်း တို့ကို IndustriALL ဒေသဆိုင်ရာ အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခြင်း။ တက်ရောက်လာသူများမှ မိမိတို့ နိုင်ငံအလိုက် အမျိုးသမီးအဖွဲ့ဝင် ပါဝင်မှုနှုန်း၊ ခေါင်းဆောင်မှုတွင် အမျိုးသမီးများ ပါဝင်မှုနှုန်း ၊သမဂ္ဂ မူဝါဒများ၊ ဆောင်ရွက်နေသည့် ကန်ပိန်းများ ပညာပေးလုပ်ငန်း များ၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုဆိုင်ရာ အခြေအနေများအား ရှင်းလင်းတင်ပြမှုများကို ပထမနေ့တွင် ဆွေးနွေးခဲ့ ကြပါသည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် အမျိုးသမီးများ ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် ၄၀ ရာခိုင်နှုန်းအထိ ပါဝင်လာနိုင်ရေးအတွက် လုပ်ဆောင်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးသွားမည်ဖြစ်ပါ သည်။ ထိုဆွေးနွေးချက်များအား ၂၀၁၈ ခုနှစ် ဧပြီလတွင် ကျင်းပမည့် IndustriALL အမျိုးသမီးကော်မတီနှင့် IndustriALL ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် တင်ပြအတည်ပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂၀၂၀ တွင် IndsutriALL ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသော အဆင့်ဆင့်သော ကော်မတီများတွင် အမျိုးသမီးများ ၄၀ ရာခိုင်နှုန်း ပါဝင်လာစေရန် ရည်ရွယ်ချက်ကို အကောင်အထည်ပေါ်ရေး ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။
IndustriALL အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ် IWFM နှင့် မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများ အဖွဲ့ချုပ် MWFM တို့သည်လည်း IndustriALL ၏ ပေါ်လစီကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။ မူဝါဒအား စတင်ဆွေးနွေးသည့် ၂၀၁၄ ခုနှစ်မှ စ၍ ၂၀၁၆ ခုနှစ် တွင် ကျင်းပသည့် IndustriALL ၏ ညီလာခံတွင် IWFM/ MWFM မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြပါသည်။ ဆက်လက်၍ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်း ပါဝင်သွားမည်ဖြစ်ပါသည်။
Asia-Pacific Women Regional Workshop on Policy and Advocacy Development on 40% Women Representation and Regional…
Posted by Ctum Myanmar on Thursday, March 8, 2018