All for Joomla All for Webmasters
Press Conference on 106th ILC
Migrant Meeting in Philippines
June 14, 2017
Report on meeting with Laws and Special Matters Study and Analysis Commission on Labour Dispute Settlement Law Reform
June 16, 2017

Press Conference on 106th ILC

“(၁၀၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံILCတွင် သတ်မှတ်ထားသော ကဏ္ဍများအားတင်ပြဆွေးနွေးမည့် မြန်မာနိုင်ငံအလုပ်သမားကိုယ်စားလှယ်နှင့် ကော်မတီအလိုက်အကြံပေးများတင်ပြခြင်း သတင်းစာရှင်းလင်းပွဲ
(၁ ဇွန် ၂၀၁၇ MSF ခန်းမ)

သတင်းစာရှင်းလင်းပွဲ အစီအစဉ်မှာ ၁။ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား CTUM ဥက္ကဌ ဦးမောင်မောင်မှ ရှင်းလင်းတင်ပြခြင်း။
၂။ILCတွင် ကော်မတီအလိုက် ဆွေးနွေးမည့် ကိုယ်စားလှယ်များမှ အကြောင်းအရာ အကျဉ်းကို တင်ပြခြင်း။
၃။ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးဦးဇော်အေးမောင်၏ ILCတွင် ဆွေးနွေးမည့်အကြောင်းအရာများကို မိမိ၏အမြင်အား ဆွေးနွေးခြင်း ။
၎။ မီဒီယာများမှ အမေးအဖြေကဏ္ဍ။
တို့ဖြစ်ပါသည်။ သတင်းဌာန (၁၇)ခု၊ လူဦးရေ (၃၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

၂၀၁၇ခုနှစ်၊ ဇွန်လတွင်ကျင်းပမည့်(၁၀၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံILCကို ၂၀၁၇ခုနှစ်၊ ဇွန်လ၊ (၅-၁၆)ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ (ILO)အခြေစိုက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ရုံးချုပ်တွင်ကျင်းပပြုလုပ်မည် ဖြစ်သည်။ ညီလာခံကို နိုင်ငံပေါင်း (၁၆၈)နိုင်ငံမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။

ထိုညီလာခံသို့ မြန်မာနိုင်ငံအနေဖြင့် အစိုးရကိုယ်စားလှယ်(၁)ဦး၊ အလုပ်ရှင်ကိုယ်စားလှယ် (၁)ဦးနှင့်အလုပ်သမားကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဌ ဦးမောင်မောင်သည် အလုပ်သမားများ ကိုယ်စားပြုမှု အများဆုံးဖြင့် ရွေးချယ်ခံရကာ (၁၀၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံILCကို တက်ရောက် ဆွေးနွေးမည် ဖြစ်ပါသည်။CTUMသည် နိုင်ငံအဆင့် အလုပ်သမားအဖွဲ့ချုပ်အဖြစ် ၂၀၁၅ခုနှစ်တွင် အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် တို့ရှိ အလုပ်သမားများဖြင့် ဖွဲစည်း ထားခြင်း ဖြစ်ပါသည်။ မနှစ်က ပြုလုပ်ကျင်းပခဲ့သည့်ညီလာခံတွင် မြန်မာနိုင်ငံအလုပ်သမားကိုယ်စားလှယ်အဖြစ် ဦးမောင်မောင် ကို အလုပ်သမားထုက ရွေးချယ်တင်မြှောက်ခဲ့ရာ မြန်မာနိုင်ငံရှိအလုပ်သမားအရေးကိစ္စများကို တင်ပြအဖြေရှာခဲ့ကြောင်း (၁၀၅)ကြိမ်မြောက် ILC အတွေ့အကြုံများကို အလုပ်သမားများနှင့်တွေ့ဆုံရှင်းလင်းပွဲမှ သိရှိရသည်။
(၁၀၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ဆွေးနွေးမည့် အကြောင်း အရာ (၅) ခုရှိပါသည်။ အကြောင်းအရာ(၅)ခုရှိသည့်အနက် အကြောင်းအရာ(၄)ခုအား ကိုယ်စားလှယ် (၈)ဦးမှ တက်ရောက်ဆွေးနွေးမည် ဖြစ်ပါသည်။ ၄င်းတို့မှာ –
(၁)။ Information and reports on the application of Conventions and Recommendations
ILO ၏ ပြဌာန်းချက်များ၊ အကြံပြုချက်များ အစရှိသော စံနှုန်းများကျင့်သုံးရေးဆိုင်ရာ အစီရင်ခံစာများ၊ သတင်းအချက်အလက်များ။
အထက်ဖော်ပြပါအကြောင်းအရာနှင့်ပါတ်သတ်သော အလုပ်သမားအကြံပေး ကိုယ်စားလှယ်အဖြစ် တက်ရောက်မည့်သူများမှာ-
ဒေါ်ခိုင်ဇာအောင် – မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ဘဏ္ဍာ ရေးမှူး၊(၁၀၄)ကြိမ်မြောက်၌ ဤကော်မတီတွင်လေ့လာခဲ့ပြီး၊ ယ္ခုအချိန်တွင် အငြင်းပွားမှုဖြစ်ပွားသောအခြေအနေများအား ညှိနှိုင်းဆောင်ရွက်နေပါသည်။
ဦးစောတင် – အဖွဲ့ဝင် – မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)
ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ်အနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည်။
(၂)။ Labour Migration (General Discussion)
ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်း (ရွှေ့ပြောင်းအလုပ်သမား) – အထွေထွေဆွေးနွေးချက်တွင်
အထက်ဖော်ပြပါအကြောင်းအရာနှင့်ပါတ်သတ်သော အလုပ်သမားအကြံပေး ကိုယ်စားလှယ်အဖြစ် တက်ရောက်မည့်သူများမှာ-
ဒေါ်ထွေးထွေးသိန်း – ဌာနမှူး
ရွှေ့ပြောင်းအလုပ်သမား၊ ကလေးအလုပ်သမားနှင့် အိမ်တွင်းအလုပ်သမားဌာန
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

ဦးဟိန်းလတ် – ဒုဌာနမှူး
ရွှေ့ပြောင်းအလုပ်သမား၊ ကလေးအလုပ်သမားနှင့် အိမ်တွင်းအလုပ်သမားဌာန
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

(၃)။ Employment and Decent Work for Peace and Resilience; Revision of the Employment (Transition from War to Peace) Recommendation, 1944 (No.71) (Standard setting second discussion)
ပဋိပက္ခစစ်ပွဲများမှတဆင့် ငြိမ်းချမ်းရေးသို့ အသွင်ကူးပြောင်းရာတွင် အလုပ်အကိုင်နှင့် သင့်လျော် ကောင်းမွန်သော အလုပ်များရရှိရေးအတွက် ILO စံနှုန်းတစ်ရပ်ပေါ်ထွက်ရေး၊
၁၉၄၄ ခုနှစ်တွင် ILO မှ အကြံပြုချက်အမှတ် – ၇၁ ကို အတည်ပြုခဲ့ပါသည်။ ဤအကြံပြုချက်အမှတ် – ၇၁ မှာ ပဋိပက္ခစစ်ပွဲများမှ ငြိမ်းချမ်းရေးသို့ အသွင်ကူးပြောင်းရာတွင် အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်အတွက် ဖြစ်ပါသည်။ ဤအကြောင်းအရာအား၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀၅)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ကျင်းပ ပြုလုပ်မည့် (၁၀၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ဒုတိယအကြမ် ပြန်လည်ဆွေးနွေးခြင်းဖြစ်ပါသည်။
အထက်ဖော်ပြပါအကြောင်းအရာနှင့်ပါတ်သတ်သော အလုပ်သမားအကြံပေး ကိုယ်စားလှယ်အဖြစ် တက်ရောက်မည့်သူများမှာ-
ဦးစိုးမင်းအောင် – အဖွဲ့ဝင်
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲ့ချုပ် – MSF)

ဦးသောင်းညွန့် – ဗဟိုကော်မတီအဖွဲ့ဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

(၄)။ A recurrent discussion on the strategic objective of fundamental principles and rights at work, under the follow-up to the ILO Declaration on Social Justice for a Fair Globalization,
2008၂၀၀၈ ခုနှစ်တွင် မျှတသော ကမ္ဘာ့သွင်တူပြောင်းလဲမှုဖြစ်စဉ် (Fair Globalization) ဆိုင်ရာ ILO ကြေညာစာတမ်းကို ILO မှ အတည်ပြုခဲ့ပါသည်။ နောက်ဆက်တွဲ အနေဖြင့် ဤကြေညာစာတမ်းအရ လုပ်ငန်းခွင်၌ အခြေခံမူဝါဒများနှင့် အခွင့်အရေးများ ဆိုင်ရာ မဟာဗျူဟာ ရည်ရွယ်ချက်များချမှတ်ရန် ပြန်လည် ဆွေးနွေးခြင်း၊ဤအကြောင်းအရာအား၂၀၁၆ခုနှစ်၊ ဇွန်လတွင်ကျင်းပပြုလုပ်ခဲ့သည့်
(၁၀၅)ကြိမ်မြောက်အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင်ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ကျင်းပ ပြုလုပ်မည့် (၁၀၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ဒုတိယအကြမ် ပြန်လည်ဆွေးနွေးခြင်းဖြစ်ပါသည်။
အထက်ဖော်ပြပါအကြောင်းအရာနှင့်ပါတ်သတ်သော အလုပ်သမားအကြံပေး ကိုယ်စားလှယ်အဖြစ် တက်ရောက်မည့်သူများမှာ-
ဦးသန်းလွင် – အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

ဒေါ်ခင်နီလာစိုး – ဗဟိုကော်မတီအဖွဲ့ဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)
(၅)။ Abrogation of Conventions Nos 4, 15, 28, 41, 60 and 67
ILO ပြဌာန်းချက်များ အမှတ် ၄၊ အမှတ် ၁၅၊ အမှတ် ၂၈ ၊ အမှတ် ၆၀ နှင့် အမှတ် ၆၇ တို့အား ပြန်လည် ရုပ်သိမ်းရေး။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ပြဌာန်းချက် (၂) ချက်အား ပြန်လည်ရုပ်သိမ်းရန်နှင့် ပြဌာန်းချက် (၄) ချက်ကို ရုပ်သိမ်းရန် အဆိုပြုခြင်း တို့ ဖြစ်သည်။
– ကိုယ်စားလှယ်များသည် ၃ရက်၊ ဇွန်လ၊ ၂၀၁၇ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *